(Unicode)

အမျိုးသားအများစုမှာ ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး အဖြစ်များလေ့ရှိတဲ့ ပြသနာကတော့ ပခုံးမကျယ်တာ ဗိုက်ပူတာ လက်မောင်းကြွက်သားတွေ တင်းတင်းရင်းရင်းမရှိတာ အစရှိတဲ့ Issue တွေဖြစ်တတ်ပါတယ်။ လူတိုင်းဟာ ဘယ်တော့မှာမပြည့်စုံနိုင်ပါဘူး။ ဒါတွေကြောင့်လဲ Gym တွေသွား အစားအသောက်ပုံစံတွေ ပြောင်းပြီး Fit ဖြစ်အောင်လုပ်ယူကြပါတယ်။ ဒီလို Work Out လုပ်ခြင်းဟာ အမြဲတမ်းအလေ့အထတစ်ခုအဖြစ်လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ ထိုကဲ့သို့ Long Term မလုပ်နိုင်ရင်တော့ သင့်ကိုယ့်ခန္ဓာက အဝတ်အစားဝတ်ရင်ကြည့်ရမဆိုးအောင် Short Term Solutions အဖြေကို ပေးချင်ပါတယ်။

Source: cheatsheet.com

တကယ်လို့သင်ဟာ ထုထည်မရှိတဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ Body ကို Pack ဖြစ်စေမယ့်အဝတ်အစားတွေကို ရွေးချယ်သင့်ပါတယ်။ ကြွက်သားရှိတယ်လို့ ထင်ရအောင် အဝတ်အစား Body Shape ကို ပံံ့ပိုးပေးနိုင်တာမျိုးက သင့်အတွက် အလိုအပ်ဆုံးဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် လူကောင်းကြီးပြီး ထွားတယ်လို့ထင်ရအောင် လုပ်ပေးနိုင်တဲ့ Style Tips တွေကိုဝေမျှပေးချင်ပါတယ်။

Source: blogspot.com

Oversized အပွတွေထက် Skin -Tight ဖြစ်တာကိုဝတ်ပါ။ အမျိုးသားအများစုက အဝတ်အစားကိုခပ်ပွပွ ဝတ်ဆင်ရတာကြိုက်လို့ ဒီအချက်ကို ပထမဦးဆုံးပြောပြပေးရခြင်းပဲ ဖြစ်ပါတယ်။

Chest တို့ ပခုံးတို့ ကြီးတယ် ထင်ရအောင် အလွှာတွေနဲ့ ဝတ်ဆင်ပါ။ အကိတ်လို့ထင်ရအာင် Jacket တို့ အစရှိတဲ့ Overcoat တွေကို အသုံးပြုပါ။

Source: The Idle Man

တတ်နိုင်သမျှ လက်ရှည်ဝတ်ဆင်ပါ။ သို့မှသာ Flabby ဖြစ်တဲ့လက်မောင်းကြွက်သားတွေကို ပိုင်ဆိုင်ထားတယ်ဆို လူမမြင်ရမှာဖြစ်ပါတယ်။

လည်ပင်းအပိတ်ရှိတဲ့ အင်္ကျ ီလက်ရှည်ကိုဝတ်ဆင်ပါ။ ဥပမာ Turtlenecks ပုံစံမျိုးတွေပါ။ သို့မှသာ Double Chin တွေဘာတွေ ရှိတဲ့သူဆို အလိုလိုကာကွယ်ပြီးသားဖြစ်တာပေါ့။

Source: The Idle Man

နောက်ဆုံးအချက်ကတော့ Horizontal Lines တွေ Stripes အလျားလိုက် အစင်းတွေ အစရှိတာတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ဒီလို Pattern တွေက သင့်ဗိုက်ပူနေတယ်ဆိုလည်း သိပ်သိသာစေမှာ မဟုတ်ပါဘူး။

အခုဖော်ပြပေးလိုက်တဲ့ အချက်တွေဟာ သင့် Body Issue အတွက်အသုံးဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

(Zawgyi)

အမ်ိဳးသားအမ်ားစုမွာ ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ပတ္သက္ျပီး အျဖစ္မ်ားေလ့ရွိတဲ႔ ျပသနာကေတာ့ ပခံုးမက်ယ္တာ ဗိုက္ပူတာ လက္ေမာင္းၾကြက္သားေတြ တင္းတင္းရင္းရင္းမရွိတာ အစရွိတဲ႔ Issue ေတြျဖစ္တတ္ပါတယ္။ လူတိုင္းဟာ ဘယ္ေတာ့မွာမျပည့္စံုႏိုင္ပါဘူး။ ဒါေတြေၾကာင့္လဲ Gym ေတြသြား အစားအေသာက္ပံုစံေတြ ေျပာင္းျပီး Fit ျဖစ္ေအာင္လုပ္ယူၾကပါတယ္။ ဒီလို Work Out လုပ္ျခင္းဟာ အျမဲတမ္းအေလ့အထတစ္ခုအျဖစ္လုပ္ႏိုင္ရင္ေတာ့ ေကာင္းပါတယ္။ ထိုကဲ႔သို႔ Long Term မလုပ္ႏိုင္ရင္ေတာ့ သင့္ကိုယ့္ခႏၶာက အဝတ္အစားဝတ္ရင္ၾကည့္ရမဆိုးေအာင္ Short Term Solutions အေျဖကို ေပးခ်င္ပါတယ္။

Source: cheatsheet.com

တကယ္လို႔သင္ဟာ ထုထည္မရွိတဲ႔ ခႏၶာကိုယ္မ်ိဳးကို ပိုင္ဆိုင္ထားတယ္ဆိုရင္ေတာ့ Body ကို Pack ျဖစ္ေစမယ့္အဝတ္အစားေတြကို ေရြးခ်ယ္သင့္ပါတယ္။ ၾကြက္သားရွိတယ္လို႔ ထင္ရေအာင္ အဝတ္အစား Body Shape ကို ပံံ့ပိုးေပးႏိုင္တာမ်ိဳးက သင့္အတြက္ အလိုအပ္ဆံုးျဖစ္ပါလိမ့္မယ္။ ဒါ့ေၾကာင့္ လူေကာင္းၾကီးျပီး ထြားတယ္လို႔ထင္ရေအာင္ လုပ္ေပးႏိုင္တဲ႔ Style Tips ေတြကိုေဝမွ်ေပးခ်င္ပါတယ္။

Source: blogspot.com

Oversized အပြေတြထက္ Skin -Tight ျဖစ္တာကိုဝတ္ပါ။ အမ်ိဳးသားအမ်ားစုက အဝတ္အစားကိုခပ္ပြပြ ဝတ္ဆင္ရတာၾကိဳက္လို႔ ဒီအခ်က္ကို ပထမဦးဆံုးေျပာျပေပးရျခင္းပဲ ျဖစ္ပါတယ္။

Chest တို႔ ပခံုးတို႔ ၾကီးတယ္ ထင္ရေအာင္ အလႊာေတြနဲ႔ ဝတ္ဆင္ပါ။ အကိတ္လို႔ထင္ရအာင္ Jacket တို႔ အစရွိတဲ႔ Overcoat ေတြကို အသံုးျပဳပါ။

Source: The Idle Man

တတ္ႏိုင္သမွ် လက္ရွည္ဝတ္ဆင္ပါ။ သို႔မွသာ Flabby ျဖစ္တဲ႔လက္ေမာင္းၾကြက္သားေတြကို ပိုင္ဆိုင္ထားတယ္ဆို လူမျမင္ရမွာျဖစ္ပါတယ္။

လည္ပင္းအပိတ္ရွိတဲ႔ အက်ၤ ီလက္ရွည္ကိုဝတ္ဆင္ပါ။ ဥပမာ Turtlenecks ပံုစံမ်ိဳးေတြပါ။ သို႔မွသာ Double Chin ေတြဘာေတြ ရွိတဲ႔သူဆို အလိုလိုကာကြယ္ျပီးသားျဖစ္တာေပါ့။

Source: The Idle Man

ေနာက္ဆံုးအခ်က္ကေတာ့ Horizontal Lines ေတြ Stripes အလ်ားလိုက္ အစင္းေတြ အစရွိတာေတြကို ေရြးခ်ယ္ဝတ္ဆင္ပါ။ ဒီလို Pattern ေတြက သင့္ဗိုက္ပူေနတယ္ဆိုလည္း သိပ္သိသာေစမွာ မဟုတ္ပါဘူး။

အခုေဖာ္ျပေပးလိုက္တဲ႔ အခ်က္ေတြဟာ သင့္ Body Issue အတြက္အသံုးဝင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။