အခု နောက်ပိုင်းမှာ လူတွေက ဝတယ် ပိန်တယ် စတာတွေ အပြောများလာကြပါတယ်။ တကယ်တော့ ဝတယ် ပိန်တယ်ဆိုတာ ပညတ်ချက်တွေပါ။ ဒါပေမယ့်လည်း လူပြောခဏခဏ များလာတဲ့အခါ သစ်ပင်တွေတောင် နှဲ့ပါများရင် လှုပ်လာတတ်သေးတော့ သူတို့ရဲ့ ဝလာတယ်နော်ဆိုတဲ့ စကားတွေက ရင်ထဲကို ကျိတ်ပြီး ခိုးလိုးခိုးလု ဖြစ်စေပါတယ်။ ဒီ ဝလာတယ်နော်ဆိုတဲ့ စကားကို ဘယ်လို တွန်းလှန်ကြမလဲ။

ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း

Source: http://fatburnerdepot.com/

ဝလာတဲ့ အဓိကအကြောင်းရင်းက ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့်ပါ။ ဘယ်လိုပဲ မအိပ်ပါဘူး ၊ မစားပါဘူး ဝိတ်ချနေပါတယ်ဆိုဆို ကိုယ်လက်လှုပ်ရှားမှုမရှိရင်တော့ အဆီတွေက ကိုယ်တွင်းမှာသိုလှောင်ပြီး ဝလာတတ်ပါတယ်။

အမြဲတမ်း ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

Source: https://cdn-mf0.heartyhosting.com/

အိမ်မှာဖြစ်ဖြစ် ရုံးမှာဖြစ်ဖြစ် အမြဲတစေ ထိုင်နေတာမျိုးမလုပ်ပါနဲ့ ။ ပျင်းလို့ သူများကို ယူခိုင်းတာတွေ ဘာတွေလည်း လက်ဆင့်ကမ်းမနေဘဲ လှုပ်လှုပ်ရှားရှားနေပါ။ ကိုယ့်အလုပ်က ထိုင်ပြီး လုပ်ရတဲ့ အလုပ်ဖြစ်နေရင်တောင် နာရီဝက် တစ်ခါလောက် လမ်း ထထလျှောက်ပေးပါ။

အားကစားခန်းမသွားပါ

Source:https://www.healthline.com

အချိန်လည်း ပေးနိုင်တယ်ဆိုရင်တော့ Gym သွားဆော့ဖို့ တိုက်တွန်းချင်ပါတယ်။ ၃ ၄ လအတွင်းမှာပဲ သိသာလာတဲ့ ရလဒ်ကို ခံစားရမှာပါ။ သူများတွေကိုလည်း ပါးစပ်အဟောင်းသားနဲ့ အံ့သြသွားအောင် လုပ်လို့ရသလို ကိုယ်ကိုယ်တိုင်လည်း ကျေနပ်တဲ့ပျော်ရွှင်မှုကို ရရှိနိုင်မှာပါ။

မခံချင်စိတ်မွေးပါ

Source: https://cdn-mf0.heartyhosting.com/

သူများတွေက ဝတယ်လို့ ပြောတာကို ထိုင်ပြီး ဝမ်းနည်းပူဆွေး မနေပါနဲ့။ အဲဒီလိုပြောတဲ့ စကားတွေကို မခံချင်စိတ်နဲ့ ကိုယ်လိုချင်တဲ့ ကိုယ်အနေအထားရအောင် ဇွဲရှိရှိ ကြိုးပမ်းယူပါ။ တကယ်လိုချင် ဖြစ်ချင်တဲ့စိတ်သာရှိမယ်ဆိုရင် မကြာခင် ကိုယ်တွင်းက အဆီတွေ ထွက်ပြေးသွားကြပါလိမ့်မယ်။