ကိုယ်သဘောကျတဲ့ ကောင်မလေးနဲ့ တွေ့ဆုံရချိန် ပထမအစမှာ သူ ကိုယ့်ကို နောက်ထပ်တွေ့ချင်အောင် ဘယ်လို နေမလဲဆိုတာက ယောကျာ်းလေးတွေအတွက် အရမ်း အရေးကြီးပါတယ်။ ပထမဆုံးတွေ့ဆုံချိန်မှာသာ သူက ကိုယ့်ကို ပျင်းစရာကောင်းတယ်လို့ မြင်သွားရင် နောက်ပိုင်းတွေ ကြိုးစားရခက်သွားပါလိမ့်မယ်။ ကိုယ့်ကို သူ့စိတ်ထဲ စွဲသွားအောင် လုပ်လို့ရတဲ့ အချက်လေးတွေ ရှိတယ်နော်။
ကိုယ်နေဟန်ထားကို ယုံကြည်မှုရှိတဲ့ အမျိုးသားတစ်ယောက်ပုံစံမျိုးနေပါ။
Source: Shutterstock
ပျင်းရိပျင်းတွဲယောက်ျားပုံစံကို ဘယ်မိန်းကလေးမှ သဘောမကျပါဘူး။ ကိုယ်နေဟန် စမတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတဲ့ အမျိုးသားတိုင်းကို မိန်းကလေးတွေက တွေ့စမှာ အမှတ်ပြည့် စပေးပါတယ်။လက်ပြင်ကိုင်းကိုင်းနဲ့ စိတ်ဓာတ်ကျနေပုံပေါက်နေရင်တော့ နောက် လမ်းတွေ့ရင်တောင် ခေါ်တော့မှာ မဟုတ်ပါဘူး။
ပြုံးပါ။
Source: Shutterstock
အပြုံးက စကားဝိုင်းအတွင်း အထိရောက်ဆုံးနဲ့ အလျင်မြန်ဆုံး လက်နက်ပါပဲ။ သင့်အပြုံးနဲ့ ကောင်မလေး ကိုယ့်ကို စိတ်ဝင်စားလာအောင် ဆွဲဆောင်ပါ။အပြုံးကို မနှစ်သက်တဲ့သူ မရှိပါဘူး။ အပြုံးနဲ့ အခက်အခဲတော်တော်များများကို ဖြတ်ကျော်လို့ ရပါတယ်။ ဘာစကား ပြောရမယ်မှန်းမသိတဲ့ အခါ ပြုံးပြလိုက်တာက သင့်ရဲ့ နွေးထွေးမှုကို တဖက်လူကို ခံစားရစေမှာပါ။ ရယ်တာနဲ့ ပြုံးတာတော့ ကွဲပြားပါစေနော်။
လေယူလေသိမ်း
Source: Shutterstock
ကောင်မလေးအများစုက စကားပြောကောင်းတဲ့ ကောင်လေးတွေဆို အရမ်းခိုက်ပါသတဲ့။ စတွေ့တဲ့ အချိန်မှာသာ လေယူလေသိမ်းကောင်းကောင်းနဲ့ ကောင်မလေးကို တော်ကီကျွေးနိုင်ပြီဆိုရင်တော့ နောက်တစ်ကြိမ် သင်က ထပ်မံချိန်းဆိုမယ်ဆိုရင်လည်း ငြင်းဆိုတော့မယ်မထင်ပါဘူး။ ပေါတောတော စကားတွေနဲ့ ငပေါ ပုံစံမျိုးတော့ သွားမလုပ်ပါနဲ့။ အာရုံနောက်တယ်ဆိုပြီး နောက်ဆို အတွေ့တောင် ခံတော့မယ်မထင်ပါဘူး။
ကောင်မလေးတွေရဲ့ ပြောစကားအပေါ် အလေးထား ပြန်လည်ပြောဆိုဆက်ဆံပါ။
Source: Shutterstock
မိန်းကလေးတွေက သူတို့ ပြောစကားကို အလေးအနက်ထားကြတာကို သဘောကျပါတယ်။ အထူးသဖြင့် အရမ်းစကားများတတ်ကြတဲ့ မိန်းကလေးတွေဟာ သူတို့စကားကို အလေးအနက်ထား နားထောင်တာ ပြန်လည်ပြောဆိုပေးတာကို အထူး သဘောကျပါတယ်။ သူတို့ရဲ့ စကားတွေကို အလေးအနက်ထားပေးပြီဆိုရင်တော့ သူတို့ရဲ့ အတွေးထဲမှာ သင်က အမှတ်ပြည့်ရသွားပါပြီ။
အလေးထားကြောင်း သူသိအောင်ကြိုးစားပါ။
Source: Shutterstock
ကိုယ်က တွေ့သမျှ မိန်းမတိုင်းကို လိုက်ကြည့်နေတာ မဟုတ်ဘဲ ဒီကောင်မလေး တစ်ယောက်တည်းကိုသာ အာရုံစိုက်တတ်သူဖြစ်ကြောင်း သူမ သိစေဖို့ အမူအယာနဲ့ ပြပါ။ တချို့ယောကျာ်းလေးတွေက Attention ယူတဲ့ သဘောမျိုးနဲ့ နံဘေးဖြတ်သွားတဲ့ ကောင်မလေးတွေကို စနောက်ပြတတ်ကြပါတယ်။ လုံးဝ မှားတဲ့ အမှားပါ။ ဒီအမှားမျိုးကိုတော့ အထူးရှောင်ကြဉ်စေလိုပါတယ်။