ဝန်ထမ်းတိုင်းအတွက် အရေးကြီးဆုံး အဓိကအချက်ကတော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်နဲ့ ကိုယ်ဟာ ကိုက်ညီမှုရှိဖို့ပါပဲ။ လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျမဖြစ်ဘဲ ဘေးရောက်နေသလို ခံစားရချိန်မျိုးမှာ စိတ်ဖိစီးမှုတွေနဲ့ စိတ်ဓာတ်ကျမှုတွေဟာ တန်းစီပြီးရောက်လာမှာပါ။ ဒါ့ပြင် ကိုယ့်ကိုယ်ကိုယ် အသုံးမဝင်၊ အသုံးမကျသူအဖြစ် မြင်သွားပြီဆိုရင် အဆိုးဝါးဆုံးဖြစ်ရပ်ပါပဲ။ ဒီတော့ လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့သူတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမှာလဲ။

ကိုယ်တကယ် စိတ်ဝင်စားတဲ့အလုပ်ကိုရွေးချယ်ပါ

Source: Shutterstock

အလုပ်တစ်ခုကို စတင်လုပ်ကိုင်မယ်လို့ စဉ်းစားလိုက်ချိန်ကတည်းက ကိုယ်စတင်မယ့် လုပ်ငန်း သို့မဟုတ် အလုပ်ခွင်ကို ကိုယ်တကယ်စိတ်ဝင်တစားလုပ်ကိုင်လိုတဲ့ လုပ်ငန်းကိုသာ ရွေးချယ်ပါ။ ကိုယ်လုပ်ကိုင်မယ့်အလုပ်ကို ကိုယ်ကိုယ်တိုင်က စိတ်ဝင်တစားမရှိဘူးဆိုရင် လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျ ဖြစ်တော့မှာမဟုတ်ပါဘူး။

ကိုယ်မလုပ်လိုတဲ့အလုပ်ကို ငြင်းပယ်တတ်ပါစေ

Source: fm.cnbc.com/applications/cnbc.com

ကိုယ် လုပ်လိုတဲ့ အရာတွေကိုလည်း ငြင်းဆန်တတ်ဖို့လိုပါတယ်။ အားနာတတ်တာဟာ နေရာတိုင်းမကောင်းပါဘူး။ အားနာစိတ်နဲ့ လိုက်လျောလုပ်ကိုင်ပေးတဲ့အခါမျိုးမှာ ဘယ်လောက်ပဲ စေတနာထားတဲ့ အလုပ်ဖြစ်နေပါစေ ကိုယ်တကယ် စိတ်ဝင်တစားလုပ်ကိုင်တဲ့ အလုပ်လောက် ရလဒ်ကောင်း မထွက်နိုင်ပါဘူး။

ကိုယ့်ရဲ့တိုးတက်လမ်းကို အမြဲမပြတ်စောင့်ကြည့်နေပါ

Source: www.jobcluster.com

လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေစဉ်အတွင်းမှာ ကိုယ့်ရဲ့အလုပ်ကို အာရုံစိုက်လုပ်ကိုင်နေရမှာဖြစ်သလို ကိုယ့်ရဲ့တိုးတက်လမ်းတွေ အခွင့်အရေးတွေကိုလည်း အမြဲမပြတ်စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ ဘယ်လောက်ပဲ လုပ်ငန်းခွင်က ပျော်စရာကောင်းနေပါစေ။ ကိုယ့်ရဲ့ တိုးတက်လမ်းကိုတော့ မမေ့မလျော့ ကူးပြောင်းနိုင်တဲ့သူဖြစ်ဖို့တော့လိုပါတယ်။

လုပ်ငန်းခွင်ပြင်ပမှာလည်း ကိုယ့် Skill တွေကို မြှင့်တင်ပါ

Source: expertbeacon.com

လုပ်ငန်းခွင်အတွင်းက ကိုယ့်ရဲ့ အရည်အချင်းတွေ ကို အမြဲမပြတ် မြှင့်တင်ထားဖို့လိုအပ်ပါတယ်။ အဖက်ဖက်ကတော်ပြီး ပြည့်စုံနေတဲ့သူ လုပ်ငန်းခွင်မှာ အံခွင်ဝင်ကျဖြစ်နေသူဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့ လိုပါတယ်။ ယုံကြည်မှုရှိနေဖို့ဆိုတာကလည်း ကိုယ့်မှာအရည်အချင်းတွေပြည့်မီနေရမှာပါ။ ဒီတော့ ကိုယ့်ရဲ့အရည်အသွေးတွေကို မပြတ်မြှင့်တင်နေဖို့လည်း မမေ့ပါနဲ့။