အဝတ်အစား ဝတ်မယ်ဆို ပွရောင်းရောင်းနေရင် ကြည့်မကောင်းပါဘူး။ Fit ဖြစ်ဖို့လိုအပ်ပါတယ်။ အဝတ်အစားဝယ်မယ်ဆို ရွေးချယ်စရာ ဆိုဒ်တွေရှိတယ်ဆိုပေမဲ့ မှန်းခြေနဲချုပ်ထားတာဖြစ်လို့ သင်နဲ့ကွက်တိကြီးတော်မယ်ဆိုပြီး အာမခံထားတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လူတစ်ဦးချင်းဆီက Body Type မတူတဲ့အပြင် Features တွေ Height ကွာသွားလို့ပါ။

Source: stylemotivation.com

တစ်ချို့ကခါးရှည်ပြီး အောက်ပိုင်းတိုတာမျိုးရှိပြီး တစ်ဖက်မှာတော့ ပြောင်းပြန်ဖြစ်နေတာတွေလည်းရှိပါတယ်။ မိန်းမတွေပဲ ခန္ဓာကိုယ်အချိုးအစားမတူတာမဟုတ်ပါဘူး။ ယောက်ျားလေးတွေလည်း တစ်ယောက်နဲ့တစ်ယောက်မတူညီပါဘူး။ ဒီလို မတူညီမှုတွေနဲ့ကိုက်တဲ့ အင်္ကျီတွေကို လိုက်ထုတ်ပေးဖို့ဆိုတာမလွယ်ပါဘူး။ ဒီလိုကိစ္စကိုဖြေရှင်းဖို့ ၂ချက်ပဲရှိပါတယ်။

  • ရှိသမျှ Sizes တွေကို ထိုးဝတ်ကြည့်ပါ။ အဲ့တာမှတော်မတော်သိရမှာပေါ့။
  • အင်္ကျီတွေကို Tailor နဲ့ အပ်ပြီးချုပ်ဝတ်ပါ။ အထူးသဖြင့် ပွဲတွေဘာတွေသွားမယ်ဆို ကိုယ်နဲ့ကွက်တိကျမယ့် Suit ကိုချုပ်ဝတ်သင့်ပါတယ်။

Source: stylemotivation.com

အတိုခြုံးရရင်တော့ ကိုယ်ဟာ Small ဝတ်နေကျဆိုပြီး Brands တိုင်းမှာ ဆိုဒ်အသေးဆုံးကိုရှာဝတ်ဖို့ မကြိုးစားပါနဲ့။ ရှိသမျှဆိုဒ်ကို ဝတ်ကြည့်ဖို့စဉ်းစားထားပါ။ ကိုယ်နဲ့ Fit ဖြစ်တာမတွေ့သေးတဲ့အထိပေါ့။ ယောက်ျားလေးအများစုဟာ စမ်းဝတ်ကြည့်ဖို့ဆို ပျင်းတဲ့အမျိုးပါ။ Shopping ဆိုပြီး တကူးတကမထွက်တဲ့အပြင်  တော်တော် မတော်တော် တွေ့ရဆွဲယူကြတော့ ဒီလိုပြသနာတွေဖြစ်လာတာပါ။

Source: Mens Suits Tulsa

ဒီနေရာမှာတော့ မိန်းကလေးတွေကို အတုယူသင့်ပါတယ်။ ကိုယ့်အတွက်တောင်မှ အချိန်မပေးရင်တော့ သင့်ကိုသင်ပြန်မေးခွန်းထုပ်သင့်ပါပြီ။ အဲ့ဒါကြောင့် မပျင်းမရိပဲ ကိုယ်နဲ့လိုက်ဖက်ပြီး သင့်လျှော်မယ့်အဝတ်အစားတွေကို ဝတ်ဆင်နိုင်ကြပါစေ။

Source: stylemotivation.com