ဒီတစ်ပတ်မှာတော့ ဖက်ရှင်နဲ့ပတ်သတ်ပြီး Hacks လေးပြောပြချင်ပါတယ် Modern Man-skills လို့လည်းခေါ်လို့ရပါတယ်။ Casual အဝတ်အစားတွေဝတ်ရင် စမတ်ဖြစ်အောင် မဖြစ်မနေသိသင့်တဲ့ အချက်လေးတွေဖြစ်တဲ့ တီရှပ်လက်ကိုဘယ်လိုလိပ်ဝတ်မလဲ၊ အထာကျအောင် ရှပ်အင်္ကျီတွေကို ဘောင်းဘီထဲ ဘယ်လိုထည့်ဝတ်မလဲ အဲ့ဒီလိုပဲ အခုပြောပြပေးမယ့် Hacks က Jeans ဘောင်းဘီတွေ ကို ဘယ်လို အထာကျကျ Pinroll လုပ်မလဲဆိုတာပါပဲ။ ဒီ Style Trick ဟာ ၁၉၇၀ ၁၉၈၀ လောက်ကအရမ်းခေတ်စားပြီး လိုက်လုပ်ကြတာပဲဖြစ်ပါတယ်။ အခုလည်းပြန်ပြီး အစဖော်လာကြပါတယ်။ ဘောင်းဘီလိပ်တင်တာပဲ အဆန်းမဟုတ်ပါဘူးဆိုပေမယ့် မှန်ကန်စွာလိပ်မှ ကြည့်ကောင်းတာဖြစ်ပါတယ်။ French Rolling ၊ Pegging ၊ Raga Rolling နဲ့ Pinrolling  ဆိုပြီး လိပ်ပုံလိပ်နည်းမျိုးစုံရှိပါတယ်။ Jeans ဘောင်းဘီကမတော်ပဲရှည်နေလို့ လိပ်တာမျိုးမဟုတ်ပါဘူး။ ဥပမာပေးရရင် တကယ်လို့ကိုယ်ဝယ်ထားတဲ့ Jeans ဟာကိုယ့်Body Shape နဲ့ သိပ်အဆင်မပြေပဲ ပေါင်တွေဘာတွေကြီးသလိုခံစားနေရရင် Pinroll လုပ်လိုက်ခြင်းက အပေါ်နဲ့အောက် Balance လုပ်ပေးလိုက်သလို ဖြစ်စေမှာပါ။ အကျင့်မရှိရင် လိပ်တတ်မှာမဟုတ်လို့ သေသေချာချာ ဘယ်လို Pinroll လုပ်ရမလဲဆိုတာကို တစ်ဆင့်ချင်းပြောပြပါ့မယ်။

Source: fashionbeans.com

၁။ ဂျင်းဘောင်းဘီ အောက်စ အပြင်နေအတွင်းကို တင်းတင်းဆွဲပြီး ခြေမျက်စိနားထိ ခေါက်လိုက်ပါ။ နောက်ပြီးထိုအစ နှစ်စကိုကိုင်ပြီး ပြောင်းပြန်လိပ်လိုက်ပါ။

၂။ နှစ်ဖက်စလုံးညီအောင် တင်းတင်းကျပ်ကျပ်လိပ်ပေးပါ။ အလိပ်အကြီးကြီးမလိပ်ပါနဲ့ အနေတော်မှန်းပြီးခေါက်သင့်ပါတယ်။

၃။ ထိုနည်းအတိုင်း နှစ်ကျော့လောက်လိပ်ပါ။ ဘောင်းဘီကို အရမ်းတိုတဲ့အထိမလိပ်မိပါစေနဲ့။

၎။ လိပ်လို့ပြီးသွားပြီဆို ဘောင်းဘီအပေါ်ကနေ သေချာ Straighten Out အနေထားဖြစ်မဖြစ်ကြည့်ပါ အဆင်ပြေရင်ထိုနည်းအတိုင်းအခြားတစ်ဖက်ကို ဆက်လုပ်ပါ။