Gym ကစားတာချင်းအတူတူ စနစ်ကျတဲ့သူကဘော်ဒီအတက်မြန်ပါတယ်။ Workout တစ်ခုဟာ Plan နဲ့သွားရင်ပိုပြီး အကျိူးကျေးဇူးများတာကြောင့် တစ်ပတ်စာ Work Out ဇယား လေးဆွဲသင့်ပါတယ်။ ဒီလို Work Out Plan ဆွဲရာမှာ အခုပြောမယ့် အချက်တွေကို ထည့်သွင်း စဉ်းစားမယ်ဆိုရင်တကယ်ထိရောက်မှု ရှိမှာပါ။

(၁) ရည်ရွယ်ချက်နဲ့ကစားပါ

Source: Pixabay

Gym ခန်းမဝင်ခင်မှာ ကိုယ့်ကိုယ်ကိုအရင်ဆုံးမေးရမှာက Muscle Building လုပ်ဖို့လာတာလား ဝိတ်ကျချင်လို့လား  ဒါမှမဟုတ် သက်လုံကောင်းချင်လို့လားဆိုတာပါပဲ။ အား ကစားကတော့ အားလုံးအတွက်အကျိုးရှိတယ်ဆိုပေမယ့် ကိုယ်လိုချင်တဲ့ ပန်းတိုင်အတိုင်း တည့်တည့်သွားတာဟာ Gym ကစားချင်စိတ်ကို ပိုပြီးတွန်းအားဖြစ်စေသလို ရလဒ်လည်း သိသာပါတယ်။

(၂) အချိန်ရွေးပါ

Source: Pexels

ရုံးအလုပ်တွေနဲ့ညမိုးချုပ်မှ အားကစားခန်းကိုလာနိုင်တဲ့သူဆိုရင် မနက်ပိုင်းမှာ Gym ဆော့ဖို့အကြံပြုချင်ပါတယ်။ မနက်ခင်းတွေဟာ Energy အပြည့်ရှိနေချိန် ဖြစ်သလိုကိုယ့်အတွက်လည်း အဓိကလေ့ကျင့်ရမယ့် Body Exercieses တွေကို ညနေခင်းထက်ပိုအချိန်ပေးနိုင်မှာပါ။

(၃) သွေးပူလေ့ကျင့်ခန်းလုပ်ဖို့မမေ့ပါနဲ့

Source: Pexels

အားကစားခန်းထဲရောက်ပြီးပြီးချင်း Weight မဖို့မစဉ်းစားပါနဲ့။ အရင်ဆုံးကိုယ့်ခန္ဓာကိုယ်က ပြင်းထန်တဲ့ လေ့ကျင့်မှုတွေလုပ်ရာမှာ အဆင်သင့်ဖြစ်စေဖို့သွေးပူလေ့ကျင့်ခန်း ဝင်သင့်ပါတယ်။ အကြောလျှော့ဖို့အတွက် (၅ )မိနစ် (၁၀) မိနစ်လောက် အချိန်ပေးတာနဲ့အား ကစားလုပ်ချိန်မှာ ကိုယ်ခန္ဓာထိခိုက်နာကျင်နိုင်ခြေကို လျှော့ချပြီး ဖြစ်မှာပါ။

(၄) စုံအောင် ဆော့ပေးပါ

Source: Pexels

Squat ထိုင်တာ ၊ Deadlift မတာ ၊ Chest ကစားတာ စသည်ဖြင့် စုံနိုင်သမျှစုံအောင် ကစားပေးသင့်ပါတယ်။ဒီလိုကစားတာဟာ ခန္ဓာကိုယ်လုံးပြည့်ကြံ့ခိုင်သန်မာလာပြီး အဆီလောင်ကျွမ်းမှု နဲ့ကြွက်သားတည်ဆောက်မှုကို အားပေးပါတယ်။ဝိတ်ကျချင်တာ သက်လုံးကောင်းချင်တာတွေအတွက် Cardio ကစားဖို့လည်း မမေ့သင့်ပါဘူး။သက်လုံကောင်းဖို့ပြေးစက်မှာပြေးတာ လျှပ်စစ်စက်ဘီးစီးတာတွေ စသည်ဖြင့်နှလုံးသွေးလျှောက်မှု မြင့်စေဖို့အတွက်လည်းထည့်ကစားသင့်ပါတယ်။

(၅) ကိုယ့်ရဲ့ ကစားမှုပုံစံနဲ့ပမာဏကိုမှတ်ထားပါ

Source: Pixabay

နေ့တိုင်း Gym မှာ ကိုယ်ဘယ်လောက်ကြာအောင် ပြေးခဲ့သလို ၊ ဘယ်လောက် အလေးမခဲ့သလိုနဲ့ဘယ်နှစ်မျိုးကစားဖြစ်သလဲဆိုတာကို အမြဲမှတ်ထားပါ။ တစ်ပတ်ပြီး တစ်ပတ်ကိုယ့်ရဲ့ Work Out တွေတက်လာခဲ့ရင် ဒါဟာအားကစားလုပ်ဖို့အတွက် ပိုပြီး စိတ်အားထက်သန်စေ လာပါလိမ့်မယ်။

(၆) ကျန်းမာကြံ့ခိုင်ရေးမှာ မြှပ်နှံပါ

Source: Pixabay

အားကစားလုပ်မယ်ဆိုရင် တကယ်ထိထိရောက်ရောက်လုပ်ပါ။ လိုအပ်တဲ့ အဝတ်အစား အသုံးအဆောင် ၊ စားသင့်တဲ့အာဟာရနဲ့ဖြည့်စွက်စာတွေကိုလည်း စားဖို့သုံးဖို့မနှမြောသင့်ပါဘူး။ဒါမှသာကိုယ်လုပ်တဲ့ Work Out ကနေ ကိုယ်လိုချင်တဲ့ ပုံစံထွက်လာမှာ ဖြစ်ပါတယ်။