သင်ဟာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့အတွက် အားကစားခန်းမတွေကို သွားဖို့အချိန်မပေးနိုင်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် စိတ်ညစ်စရာမလိုပါဘူး။ အိမ်မှာအချိန်ခဏပေးရုံဖြင့် သင့်ခန္ဓာကိုယ်ကို ခန့်ညားတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်တဲ့နည်းစနစ်တွေကတော့ မှန်ကန်ဖို့လိုအပ်ပါတယ်နော်။

လေ့ကျင့်ခန်း ဘယ်နှကြိမ်လုပ်ဆောင်ဖို့ လိုအပ်သလဲ။

Source: Free Press Journal

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်တဲ့အခါ သီတင်းတစ်ပတ်မှာအနည်းဆုံး ၄ရက် ၁ကြိမ်လောက်လုပ်ဆောင်ပေးရုံဖြင့် လုံလောက်တဲ့လေ့ကျင့်မှုကို ရရှိနိုင်ပါတယ်။  ၄ ရက်ထက်တော့ မလျှော့နည်းသင့်ပါဘူး။

ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများ

Source: WatchFit

အမျိုးသားတိုင်းဟာ ကျယ်ပြန့်တဲ့ရင်အုပ်နဲ့ ကျစ်လစ်တဲ့ကြွက်သားတွေကို ပိုင်ဆိုင်လိုကြပါတယ်။ ဒီအတွက်ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေကို ကျစ်လစ်တောင့်တင်းအောင် မှန်ကန်တဲ့နည်းစနစ်တွေနဲ့ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းကြွက်သား

Source: Muscle & Fitness

ခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းမှာတော့ ကျစ်လစ်သန်မာတဲ့ကြွက်သားတွေနဲ့စတိုင်ကျနေပေမယ့် ခန္ဓာကိုယ်အောက်ပိုင်းက ကြွက်သားမရှိပဲ ပိန်နေရင်တော့ ဘယ်လိုမှမဆင်မပြေနိုင်ပါဘူး။ ခန္ဓာကိုယ်အပေါ်အောက် မျှတအောင်လေ့ကျင့်ကစားပေးဖို့ လိုအပ်ပါတယ်။

ရှောင်ကြည်ရမယ့်အချက်များ

Source: Muscle & Fitness

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ သတိပြုရှောင်ကြည်ရမယ့် အချက်တွေရှိပါတယ်။ ဒါတွေကတော့ နည်းစနစ်မမှန်တဲ့အခါမှာ ကြွက်သားတွေရောင်ရမ်းနာကျင်တာ၊ ခန္ဓာကိုယ်ကိုက်ခဲနာကျင်တာစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါ့ကြောင့် စနစ်တကျ ဂရုပြုလေ့ကျင့်သင့်ပါတယ်။