Leather အိတ်တွေကိုင်မယ်ဆိုရင် ဖြစ်နိုင်ရင်အတုတွေမကိုင်ပါနဲ့။ ဈေးပေါတိုင်း မကောင်းတာကို ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် Leather ကတော့ ချွင်းချက်အနေနဲ့ စိတ်ချရတဲ့ Brand မှ ရွေးကိုင်တာကောင်းပါတယ်။ အတုတွေဆို တင်းရင်းမှုမရှိဘဲ လျှော့တိလျှော့ရဲနဲ့ ကြည့်ရအတော်ဆိုးပါတယ်။ Leather အစစ်တိုင်းဟာလည်း ဈေးမကြီးပါဘူး။

Source: Shutterstock

သေးသေးမွှားမွှား အကန့်အများကြီးတွေ ခွဲထားတဲ့ အိတ်မျိုးကို မကိုင်သင့်ပါ။ အလုပ်သွားရုံလောက်ဆို သင့်တော်ပေမယ့် အမြဲတမ်းထသွားထလာလွယ်ဖို့ကျတော့ ထင်သလောက်အဆင်မပြေပါဘူး။ နောက်ပြီး ပစ္စည်းတွေဘာတွေလည်း ဘယ်နေရာထည့်မိလို့ထည့်မိမှန်းမသိ ပျောက်ရှနိုင်ပါတယ်။

Source: Shutterstock

အိတ်ကိုင်ပြီး တလတစ်ခါလောက်မှမလျှော်တာတို့ Leather ဆိုလည်း Polish မတင်ပေးတာတို့ဆိုရင် အိတ်တွေကပျက်စီးသွားနိုင်ပါတယ်။ အဝတ်အစားတွေ မညစ်ပတ်အောင် လျှော်ပေးရသလို အိတ်တွေကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် လျှော်ပေးသင့်ပါတယ်။ ဒါမှလည်း အပြင်ထွက်တဲ့အခါ ကြည့်ရတာသန့်နေမှာပေါ့။

Source: Shutterstock

နောက်ဆုံးအနေနဲ့ သတိပေးချင်တာကတော့ အိတ်ပါတာပဲဆိုပြီး တွေ့သမျှပစ်မထည့်သင့်ပါဘူး။ မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားသင့်ပါတယ်။ တစ်ချို့ဆို အမှိုက်တွေတောင်မထုတ်ဘဲ ပစ်စလက်ခက်ထားတာမျိုးလည်း ရှိပါတယ်။ တွေ့သမျှထည့်ပြီး အရမ်းဖောင်းကားနေတော့ ကြည့်ရတာလည်း ဖက်ရှင်မကျ အိတ်လည်းပျက်စီးစေနိုင်ပါတယ်။

Source: Shutterstock