မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်များအတွက်  အိမ်မှာဖြစ်စေ အပြင်မှာပဲဖြစ်စေ အပေါင်းအသင်း၊ မိတ်ဆွေများ ဖိတ်ကြားပြီး တော့ ပျော်ရွှင်ဖွယ် အမှတ်တရကျန်စေမယ့် Party လေးတစ်ခု ကျင်းပဖို့ စိတ်ကူးနေပြီလား။ Party လေးကို တက်ရောက် လာကြမယ့် သူငယ်ချင်း၊ မိတ်ဆွေတွေ အံ့သြတကြီး ကြည်နူးသွားရအောင် အမိုက်စား အပြင်အဆင်လေးတွေကို ရွေးချယ်ပြင်ဆင်ပေးလိုက်ပါ။

Source: Shutterstock

ပါတီပွဲမှာ အသုံးပြုမယ့် ဇွန်း၊ ခက်ရင်းလေးများကို စိတ်ကူးယဉ်ဆန်ဆန်လေး ပြင်ဆင်ပေးကြမလား။ ဇွန်း၊ ခက်ရင်းတွေရဲ့ ထိပ်မှာ ပွဲတက်သူတွေ တစ်ဦးချင်းစီရဲ့ နာမည်ကို ရောင်စုံစက္ကူ လှလှလေးများနှင့် ရေး ထိုးပေးထားလိုက်ပါ။

Source: Shutterstock

ရေပူဖောင်းရေခဲတုံးလေးတွေကိုစိတ်ကူးကောင်းကောင်းလေးနဲ့ ပြင်ဆင်ထားပေးလိုက်ပါ။ ရေပူဖောင်း လေးတွေကို ရေခဲပူဖောင်းလေးများဖြစ်အောင် ဖန်တီးပြီး အဖျော်ယမကာတွေကို အေးစက်ချိုမြနေအောင် စီစဉ်ပေးထားခြင်းပဲဖြစ်ပါတယ်။

Source: Shutterstock

ရောင်စုံတစ်ရှူးလေးများဖြင့် Party လေးကို အမိုက်စား လှပသွားအောင် အလှဆင်ပေး လိုက်ပါ။ စက္ကူပန်းပုံများ၊ ရောင်စုံစက္ကူဘောလုံးလေးများ စတဲ့ စိတ်လှုပ်ရှားဖွယ် အလှအပလေးများကို တစ်ရှူး လေးများနဲ့ စိတ်တိုင်းကျ ပုံဖော်လိုက်ပါ။

Source: Shutterstock

ပန်းအိုးလှလှလေးများထဲကို စားသောက်ဖွယ်ရာများ စားသုံးတဲ့အခါ အသုံးပြုသော ဇွန်း၊ခက်ရင်း၊ ဓါး တို့ ထည့်ထားခြင်းဖြစ်သည်။