ပူပြင်းလှတဲ့ရာသီဥတုမှာ အပန်းဖြေခရီးထွက်ဖို့ အစီအစဉ်တွေဆွဲနေပြီလား။ မိသားစုနဲ့ပဲဖြစ်စေ၊ သူငယ်ချင်းအဖွဲ့တွေနဲ့ပဲဖြစ်စေ ပျော်စရာအကောင်းဆုံးအပန်းဖြေခရီးကတော့ သာယာလှပတဲ့ကမ်းခြေဆီသို့ပဲဖြစ်ပါတယ်။

နေကာမျက်မှန်

Source: Shutterstock

စတိုင်လည်းကျနိုင်သလို၊ နေရောင်ခြည်ရဲ့အပူဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ခေတ်မီလှပတဲ့ နေကာမျက်မှန်ဒီဇိုင်းမိုက်မိုက်တစ်ခုကို လုံးဝမေ့လို့မဖြစ်ပါဘူး။

ရေကူးဝတ်စုံ

Source: GQ

ပင်လယ်မှာပျော်ပါးတော့မယ်ဆိုရင် အလိုအပ်ဆုံးကတော့ ရေကူးဝတ်စုံတွေပါပဲ။ ခန္ဓကိုယ်ရဲ့ဆွဲဆောင်မှုရှိတဲ့ကြွက်သားအလှအပတွေကို ဖော်ပြပေးနိုင်တဲ့ စတိုင်အကျဆုံးရေကူးဝတ်စုံတွေကို ရွေးချယ်လိုက်ပါ။

နေလောင်ခံခရင်မ် (Sunscreen)

Source: Shutterstock

လုံးဝမေ့ထားလို့မဖြစ်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ နွေရာသီမှာ အကောင်းဆုံးအပန်းဖြေစရာနေရာက ပင်လယ်ကမ်းခြေဖြစ်သလို လှပတဲ့ကမ်းခြေမှာ အသားအရေအတွက်စိတ်ချရမယ့် နေလောင်ဒဏ်ခံခရင်မ်တွေကလည်း မရှိမဖြစ်လိုအပ်ပါတယ်။

ညနေခင်းဝတ်စုံ

Source: Shutterstock

ညချမ်းအချိန်တွေဟာ ပင်လယ်ကမ်းခြေရောက်နေသူများအတွက် လေညှင်းခံဖို့အကောင်းဆုံးအချိန်တွေဖြစ်ပါတယ်။ ကမ်းခြေတလျှောက်လမ်းလျှောက်ထွက်ရင်း ပင်လယ်လေကိုရှူရှိုက်တဲ့အခါ စတိုင်ကျတဲ့ညနေခင်းဝတ်စုံတွေလည်း လိုတာပေါ့။