ကြည်လင်ရှင်းသန့်တဲ့ မျက်နှာမျိုးကို မိန်းကလေးတွေတင်မက ယောကျာ်းလေးတွေလည်း အလိုရှိကြပါတယ်။ ဘာမှပြင်ဆင်မှုမရှိရင်တောင်မှ ကြည်လင်ရှင်းသန့်နေတဲ့ မျက်နှာလေးဟာ မြင်သူတကာကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ကြည်လင်ဝင်းဖန့်ပြီး အနာအဆာကင်းတဲ့ မျက်နှာကို ပိုင်ဆိုင်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ အခုဝေမျှပေးချင်လို့ပါ။

Source: http://cristianecardoso.com/

Skin Care တွေသုံးပြီး ကြည်လင်ဝင်းဖန့်နေတာထက် သဘာဝနည်းတွေသုံးပြီး ကြည်လင်နေတာက ပိုပြီး ကြည့်ရကောင်းပါတယ်။ ဘယ်လိုနည်းလမ်းတွေ အသုံးပြုပြီး ကြည်လင်ဝင်းလက်တဲ့ မျက်နှာရအောင်လုပ်ကြမလဲ။

အာလူးကို အသုံးပြုမယ်

Source: https://www.swissmom.ch/

အရင်ဆုံး ဗာဒံစေ့ ၅ စေ့လောက်ကို ညက်နေအောင်ထောင်းပြီး Fresh Cream ၁ဇွန်းနဲ့ အရင် ရောနှောပေးထားပါ။ ပြီးရင်တော့ အာလူးတစ်ဝက်ကို ခြစ်ပြီး ထပ်ထည့်ပါ။ အဲဒီနောက် Fuller’s Earth တစ်ဇွန်း ၊ သံပုရာ ဇွန်းတစ်ဝက်တို့ကို အားလုံးရောနှောပြီး သမအောင်မွှေလိုက်ပါ။ ဒါဆိုရင်တော့ မျက်နှာပေါ်က အမည်းစက်နေရာတွေကို သုတ်လိမ်းပေးပြီး ၁၀ မိနစ်ကြာရင် ရေဆေးချလိုက်လို့ရပါပြီ။

မုန်လာဥနီ

Source: https://www.organicfacts.net/

နောက်တစ်မျိုးကတော့ မုန်လာဥနီပါ။ မုန်လာဥနီကို ဂျစ်နဲ့ ခြစ်ချပြီး အရည်ညှစ်ယူလိုက်ပါ။ ရလာတဲ့ အရည်တွေကို မျက်နှာတပြင်လုံး လိမ်းပြီး ၁၅ မိနစ်လောက်ထားထားရပါမယ်။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။

သခွားသီး

Source: http://www.hiamag.com/

နောက်တစ်နည်းကတော့ သခွားသီးကို အသုံးပြုရမှာပါ။ သခွားသီးကိုလည်း ဂျစ်နဲ့ခြစ်ထားပြီး အအေးခံထားတဲ့ နွားနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပုရာရည်အနည်းငယ်နဲ့ ရောပြီး သမအောင်မွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်လိမ်းပြီး ၁၅ မိနစ်ကြာရင် ရေဆေးချလိုက်လို့ ရပါပြီ။

ခရမ်းချဉ်သီး

Source: https://encrypted-tbn0.gstatic.com/

ဒီနည်းမှာတော့ ခရမ်းချဉ်သီးတစ်မျိုးတည်းနဲ့ မရပါဘူး။ အာလူး၊ သခွားသီးတို့လည်းလိုပါတယ်။ အာလူး ၊ သခွားသီး နဲ့ ခရမ်းချဉ်သီးတို့ကို ကြိတ်ချေပြီး သမအောင် မွှေပေးရပါမယ်။ ပြီးရင်တော့ မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ၁၅ မိနစ်အကြာမှာ ရေဆေးချလိုက်ပါ။

ဒီလိုနည်းတွေထဲက ကိုယ်အဆင်ပြေမယ့် နည်းလမ်းကို အသုံးပြုပြီး မကြာခဏ ပေါင်းတင်ပေးမယ်ဆိုရင် အမည်းကွက်တွေ ၊ မှဲ့ခြောက်တွေနဲ့ တင်းတိတ်တွေ ကင်းဝေးပြီး ကြည်လင်ဝင်းသန့်တဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်ပါတယ်။