လူတိုင်းမှာ ပန်းတိုင်ဆိုတာ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပန်းတိုင်ဟာ ဘာလဲဆိုတာ ရေရေရာရာ မသိကြပါဘူး။ ခုလို ရေရေရာရာ မသိကြခြင်းရဲ့ အကြောင်းရင်းကတော့ ပန်းတိုင်တွေ များပြားလွန်းတာကြောင့်ဖြစ်ပါတယ်။ ဖြစ်ချင်တာတွေ များနေပြီး ဘာလုပ်ရမှန်း မသိတဲ့အခါ လူတွေဟာ စိတ်ဓာတ်ကျလာတတ်ကြပါတယ်။

Source: cor-kinetic.com

ဖြစ်လာသလို နေထိုင်ကြခြင်း

Source: carwash.com

ပန်းတိုင်တွေ အများကြီးရှိပေမယ့်လည်း အဲဒီ ပန်းတိုင်ဆီကို ရောက်အောင် မသွားကြတဲ့ လူတွေက များပါတယ်။  အရာရာကို ကျော်လွန်ရှူမြင်နေကြတာတွေ ဒီလိုမှမဟုတ်ဘဲ  အရာရာကို လျစ်လျူရှူ ဂရုမစိုက်ဘဲ ကြုံသလို စခန်းသွားနေကြတာတွေကြောင့် လူတွေဟာ  ခံစားချက်ကင်းမဲ့နေပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရတွေဖြစ်ကာ နောက်ဆုံး ဒေါသဖြစ်ခြင်းနဲ့သာ အဆုံးသတ်ရလေ့ရှိပါတယ်။

ပန်းတိုင် သီးသန့်သပ်သပ်ထားရှိပါ

Source: talkingleadership

တစ်နည်းအားဖြင့် ရည်မှန်းချက်တိတိကျကျ မထားဘဲ ကျင့်ကြံနေထိုင်ခြင်းဟာ အရေးကြုံလာရင် ဗျာများနေရတတ်ပါတယ်။  ဒါ့ကြောင့် ကိုယ် ဖြစ်ချင်တဲ့ ပန်းတိုင်၊ ရလိုတဲ့နေရာကို ကိုယ်ကိုယ်တိုင် တိတိကျကျ သိထားဖို့လိုအပ်ပါတယ်။