ဘောင်းဘီတွေကို ကိုယ်တိုင်ဝယ်တော့မယ်ဆိုရင် ဘယ်လိုအမျိုးအစားထဲကပဲ ဝယ်ဝယ် ကိုယ်နဲ့လည်း Fit ဖြစ်ပြီး အမှားအယွင်းမရှိအောင်ရွေးချယ်တတ်ဖို့ အသုံးဝင်ပြီး သိသင့်တဲ့အချက် ကိုပြောပြပေးချင်ပါတယ်။

Source: Shutterstock

ပထမအချက်အနေနဲ့ ဘောင်းဘီဝယ်ရင် ဦးစားပေးအနေနဲ့ သတိထားသင့်တာက Size ပါ။ ဆိုဒ်ကိုရွေးချယ်တဲ့နေရာမှာ ခါးဆိုဒ်ကိုပဲကြည့်လို့မရပါဘူး ဘောင်းဘီမအရှည်ဆိုဒ်ကိုလည်း သတိထားဖို့လိုပါတယ်။ တကယ်လို့သင့်ခါးရဲ့ဆိုဒ်က ၃၂ ဆိုရင် အရှည် ၃၄ ရှိတဲ့ဘောင်းဘီမှသင့်အတွက် သင့်တော်မှာပါ။  ဒီလိုကိုယ့် ခန္ဓာကိုယ်နဲ့ သင့်တော်မယ့်ဆိုဒ်ကို ရွေးချယ်စေတတ်ဖို့ဆို ကိုယ့်အတိုင်းအတာကို သိထားအရင်သိထားဖို့လိုပါတယ်။ အတိအကျမသိသေးဘူးဆိုရင်တော့ မဝယ်ခင် ပေကြိုးနဲ့တိုင်းထားစေချင်ပါတယ်။ ဒါမှလည်း ကိုယ့်အတွက် Perfect ဖြစ်စေမယ့်ဘောင်းဘီကို ရှာတွေ့နိုင်မှာဖြစ်ပါတယ်။

Source: Shutterstock

ဒုတိယအချက်အနေနဲ့ သတိပြုသင့်တာက အကယ်၍ Online ကနေဘောင်းဘီမှာတော့မယ့်အခါ မမှာခင်ကိုယ့်အတိုင်းအထွာကို သေချာစွာစစ်ဆေးပြီးမှ မှာယူသင့်ပါတယ်။ ဖိနပ်ဆိုဒ်တောင် နိုင်ငံတကာဆိုဒ်နဲ့ ကိုယ်နိုင်ငံမှာဝယ်ဝတ်နေကျဆိုဒ်ရဲ့ Measurement ကမတူလို့ ကိုယ်မှာယူမယ့်ဘောင်းဘီဟာ စင်တီမီတာနဲ့တိုင်းတာလား လက်မနဲ့တိုင်းတာလား စတဲ့မတူညီတဲ့ အတိုင်းအတာကို သေချာစဉ်းစားပြီးမှာ မှာသင့်ပါတယ်။

Source: Shutterstock

နောက်ဆုံးအချက်အနေနဲ့ဆိုရင်တော့ ဘောင်းဘီတွေဟာ Cutting တစ်ခုနဲ့တစ်ခုကွာလို့  ကိုယ်နဲ့ တော်မတော်ဆိုတာကို ဒီဇိုင်းပေါ်မူတည်ပြီး ခွဲခြားသင့်ပါတယ်။ Skinny ဆိုအကျပ်ဆုံး ပြီးတော့ Slim Tight နောက်ပြီး Regular ဆိုပြီး ဝတ်လိုက်ရင် Fit စေတဲ့ ဘောင်းဘီသုံးမျိုးရှိသလို အပွအတွက်ဆိုရင် Relaxed က နေ Loose Baggy ဆိုပြီး ဒီဇိုင်းပေါ်မူတည် ၍ ခွဲခြားနိုင်ပါတယ်။ ကဲဒီအချက်တွေနဲ့ဆိုရင်တော့ ကိုယ်ဘောင်းဘီဝယ်တဲ့အခါ သတိပြုလို့ရပြီပေါ့.