အိပ်စက်ခြင်းက သင့်အတွက်အကောင်းဆုံးသောဆေးတစ်ခွက်ဆိုရင်လည်းမမှားပါဘူး။ အခုလိုမျိုး ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက် လူအများစုက အကူအညီမလိုပဲ အိပ်စက်နိုင်တယ်ဆိုပေမယ့် အချို့သူတွေအတွက်ကတော့ အိပ်စက်တာက ခက်ခဲ့တဲ့အလုပ်တစ်ခုဖြစ်နေပါတယ်။

အဲ့ဒီလိုမျိုး အိပ်စက်ဖို့ခက်ခဲနေတယ်ဆိုရင် အကူအညီရယူဖို့လိုအပ်ပြီးတော့ အခုပြောသွားမယ့် သင့်ဖုန်းထဲမှာတင်ထည့်ထားလို့ရတဲ့ Applications တွေက အများကြီး ကူညီပေးပါလိမ့်မယ်။

1. Relax Melodies

Source: Mashable

ဒီ Application ကတော့ ကိုယ့်ကို အိပ်မောကျစေဖို့အတွက် သီချင်းသံလေးတွေ၊ ပင်လယ်ကြီးရဲ့ အသံတွေနဲ့ အခြား Piano အသံလိုမျိုး အသံတွေကို ဖန်တီးပေးနေတဲ့ Application တစ်ခုပဲဖြစ်ပါတယ်။

2. Relax & Sleep by Glenn Harrold

အခု Application ကတော့ တရားထိုင်သလိုမျိုးပဲ Glenn Harrold ရဲ့ ညင်သာတဲ့ အသံကို နားထောင်ရင်းနဲ့ Relax လုပ်ပြီး အိပ်ပျော်သွားမှာပဲဖြစ်ပါတယ်။ အခု Audio Clip တွေက တစ်ခုကို ၂၇ မိနစ်လောက်ကြာမှာဖြစ်ပါတယ်။

3. Sleepmaker Rain

Source: Mashable

မိုးရာသီရောက်တာနဲ့ လူတိုင်းအိပ်ရာထဲမှာပဲ ကွေးနေဖို့ကို တွေးမိကြမှာပါ။ အခု Application က အိပ်ဖို့ပိုပြီး အဆင်ပြေဖို့အတွက် မိုးရွာနေတဲ့အသံတွေကို ဖန်တီးပေးမှာဖြစ်ပြီးတော့ သင့်ကို ပိုပြီး ကောင်းမွန်စွာအိပ်စက်ဖို့ကူညီပေးမှာဖြစ်ပါတယ်။

4. Nature Sounds Relax and Sleep

Source: Mashable

မိုးရွာနေတဲ့အသံတွေလိုမျိုးပဲ သဘာဝရဲ့ အသံတွေက ညင်သာပြီးတော့ အိပ်ရာဝင်အချိန်မျိုးမှာ ကိုယ့်ကို ချော့သိပ်နေသလိုပဲဖြစ်ပါတယ်။ အခု Application ကတော့ အဆိုပါ သဘာဝ သစ်ရွက်ကို လေတိုက်တဲ့အသံ၊ ငှက်အော်သံလေးတွေကို Playlist အနေနဲ့ ဖွင့်သွားပေးမှာပဲဖြစ်ပါတယ်။

5. aSleep

Source: Mashable

ဒီ Application ကတော့ သဘာဝရဲ့ တီးခတ်မှုတွေအပြင် ကိုယ်အလိုရှိရာ အိပ်ပျော်စေမယ့်အသံတွေကို အချိန်သတ်မှတ်ပြီး ဖွင့်ထားနိုင်တဲ့အတွက် ကိုယ် App ကို ဖွင့်ထားပြီး အိပ်ပျော်သွားလို့ ဖုန်း Battery ကုန်မှာကို စိတ်ပူစရာမလိုတော့ပါဘူး။