ပန်းတစ်ပွင့်က သူ့ဘေးနားမှာရှိတဲ့ အခြားပန်းတစ်ပွင့်နဲ့ယှဉ်ပြိုင်ဖို့ စိတ်မကူးဘဲ မိမိဘာသာအစွမ်းကုန်ပွင့်လန်းခြင်းအားဖြင့် မိမိရဲ့အလှအပ၊ ကိုယ်ရည်ကိုယ်သွေးကို အများနဲ့မတူအောင်ကြိုးစားလေ့ရှိပါတယ်။ လူသားတိုင်းမှာလည်း မတူညီတဲ့ကိုယ်ရည်ကိုယ်သွေး၊ အလှအပကိုယ်စီရှိကြပါတယ်။ အများနဲ့လိုက်တုပတဲ့အခါ မိမိရဲ့ပင်ကို ဒီဇိုင်းကာလာအနေအထားက မှေးမှိန်ပျောက်ကွယ်သွားပြီး အခြားသူရဲ့ကိုယ်ပွားအဖြစ်သာ တည်ရှိသွားပါလိမ့်မယ်။

ယနေ့ခေတ်မှာ လူသားတွေက ဆိုရှယ်မီဒီယာပေါ်မှာ အများကအားကျလာအောင် သူတို့ရဲ့ကောင်းမွန်တဲ့လူနေမှုဘဝကိုပဲ သင့်ကိုဖော်ပြပါလိမ့်မယ်။ အလုပ်အကိုင်ကောင်းတွေရှိကြောင်း၊ လစာကောင်းကောင်းရကြောင်း၊ အိမ်ကောင်းယာကောင်းနဲ့ နေရကြောင်း၊ မိမိရဲ့ချစ်သူရည်းစားက ဘယ်လို စပရိုက်စ်လုပ်ပေးကြောင်း စသည်ဖြင့် နည်းမျိုးစုံနဲ့ ကြွားလုံးထုတ်ကြပါလိမ့်မယ်။ ဒါတွေကို သင်ကမြင်တွေ့ပြီး သူတို့နဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်လိုက်တဲ့အခါ မိမိကိုယ်ကိုအားမလိုအားမရဖြစ်ကာ သိမ်ငယ်စိတ်တွေဝင်လာပါတော့တယ်။ အချိန်ကြာလာရင် စိတ်ဖိစီးမှုများလာပြီး စိတ်ဓာတ်ကျခြင်းရောဂါတောင် ခံစားရနိုင်ပါတယ်။

ဒါ့အပြင် အခြားသူများနဲ့ မိမိကိုယ်ကိုနှိုင်းယှဉ်ခြင်းက အချိန်ဖြုန်းခြင်းတစ်မျိုးပါပဲ။ တစ်ရက်မှာ ၂၄ နာရီသာ အချိန်ရှိပါတယ်။ အခြားသူများနဲ့ မိမိကိုယ်ကိုနှိုင်းယှဉ်နေပြီး စိတ်ပူပန်အားငယ်မှုကို ဘာ့ကြောင့်အချိန်ကုန်ခံ မွေးမြူနေမလဲ။ သင့်မှာလည်း အများနဲ့ မတူတဲ့ အားသာချက် အားနည်းချက်တွေရှိပါတယ်။ အများနဲ့နှိုင်းယှဉ်လိုက်ခြင်းအားဖြင့် မိမိရဲ့ထူးခြားတဲ့အားသာချက်တွေကိုပါ အဝေးကိုလွှင့်ပစ်လိုက်တာနဲ့ တူပါတယ်။

ဘယ်နည်းလမ်းက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ။ မိမိကိုယ်ကို နှိုင်းယှဉ်ခြင်းကသာ အကောင်းဆုံးပါ။ အခြားသူများနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ မိမိရဲ့မပျော်ရွှင်မှုလမ်းကြောင်းကို မိမိဘာသာရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။ လူသားတွေက အပြောင်းအလဲတစ်ခုကို အောင်မြင်အောင်ပြုလုပ်နိုင်တဲ့အခါ ပျော်ရွှင်မှုကိုခံစားကြရပါတယ်။ ဥပမာ မိမိရဲ့မကောင်းတဲ့အကျင့်ကိုစွန့်လွှတ်ပြီး အလေ့အကျင့်ကောင်းတစ်ခုပြုလုပ်တယ်ဆိုပါစို့။ မနက်စောစောထပြီး လမ်းလျှောက်တဲ့အခါ ဒီနေ့မှာတော့ ခြေလှမ်းပေါင်း တစ်သောင်းလျှောက်လှမ်းနိုင်မယ်၊ နောက်နေ့မှာတော့ ခြေလှမ်းပေါင်း နှစ်သောင်း၊ ခပ်မြန်မြန်လမ်းလျှောက်လာမယ်၊ ပြေးလာမယ်၊ နောက်ပိုင်းကျရင် ၅ ကီလို၊ ၅ မိုင် စသဖြင့် တိုးတက်လာတာကိုတွေ့ပြီး ကိုယ့်ကိုယ်ကိုဂုဏ်ယူမိလာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ စလာကတည်းကကျွမ်းကျင်မာရသွန်အပြေးသမားနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါမှာတော့ မိမိရဲ့တိုးတက်လာမှုက အချည်းနှီးပဲဖြစ်သွားပါလိမ့်မယ်။

အများနည်းတူရှင်သန်နေထိုင်မယ်ဆို ဘဝကြီးကပျင်းရိငြီးငွေ့ဖွယ်ကောင်းလှပါတယ်။ မိမိရဲ့ပင်ကိုအရည်အသွေးတွေနဲ့ ဆန်းသစ်တီထွင်နိုင်မှုကိုအသုံးချပြီး အောင်မြင်မှုအတွက်အရဲစွန့်ကြိုးပမ်းလိုက်ပါ။ အောင်မြင်မှုရရှိဖို့ လျှောက်လှမ်းနေတဲ့အချိန်မှာ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရနိုင်တာပေါ့။ အဲ့ဒီလိုစိတ်ပင်ပန်းလာတဲ့အချိန်တိုင်း Grand Royal Signature ရဲ့အကူအညီကိုရယူပြီး စိတ်အပန်းပြေအောင် ပြုလုပ်ကာ မိမိရဲ့တမူထူးခြားတဲ့ ပင်ကိုဟန်ပန်တွေကို ဆက်လက်ဖန်တီးဖို့ ကြိုးစားလိုက်ပါ။