အထီးကျန်ဆန်တဲ့ စိတ်ခံစားမှုတွေကို ခံစားနေရသလား။ တစ်ယောက်တည်း ငေးငေးငိုင်ငိုင်နဲ့ အထီးကျန်ပြီး နေရထိုင်ရ အဆင်မပြေဖြစ်နေရင် ဘယ်လို ကုစားရမလဲဆိုတာကို နည်းနည်းလေး ပြောပြပေးမယ်နော်။ ကိုယ့်ရဲ့ အထီးကျန်မှုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားဖြေဖျောက်လို့ ရနိုင်မလဲ။

Public Area တွေဆီ လျှောက်သွားပါ

Source: www.publicsquare.cnu.org

အထီးကျန်နေတဲ့လူတွေဟာ များသောအားဖြင့် အိမ်တွင်းပုန်းနေတာမျိုး၊ ချောင်လေးမှာပဲ ကုတ်ပြီးနေနေတာမျိုးတွေပဲ နေနေတတ်ကြပါတယ်။ ခဏလောက် မျက်စိဖွင့်ပြီး Public Area လို နေရာမျိုးတွေဆီ ခဏသွားကြည့်ပါ။ လူတွေ သွားလာလှုပ်ရှားနေကြတဲ့ မြင်ကွင်းဟာ အထီးကျန်ဆန်မှုတွေကို ပြေပျောက်နိုင်စွမ်း ရှိကြပါတယ်။

သီချင်းနားထောင်ပါ

Source: www.huffingtonpost.com

တေးသီချင်းလေးတွေ နားထောင်ပါ။ တေးသီချင်းဆိုလို့ အထီးကျန်နေချိန်တွေမှာ သီချင်းအေးအေးဆွေးဆွေးကြီးတွေတော့ သွားနားမထောင်လိုက်ပါနဲ့။ တခါတည်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာတွေ ဖြစ်သွားပါလိမ့်မယ်။ မြူးကြွပြီး နားထောင်ရင်း ထကလောက်စရာ တေးသီချင်းခပ်မြူးမြူးလေးတွေ နားဆင်ပါ။

သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လွတ်လပ်ပျော်ရွှင်မှုတွေ ဖန်တီးယူပါ

Source: www.thethoughtgardener.com

သူငယ်ချင်းအပေါင်းအသင်းတွေဟာ လွတ်လပ်ပေါ့ပါးမှုတွေနဲ့အတူ ဒွန်တွဲနေတဲ့လူသားတွေပါ။ တစ်ယောက်ကိုတစ်ယောက် ဆဲလိုက်ဆိုလိုက် ရယ်လိုက်မောလိုက်နဲ့ လွတ်လပ်ပေါ့ပါးပျော်ရွှင်မှုတွေဟာ ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေဆီကပဲ ရရှိနိုင်တာပါ။

အဆင်မပြေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အတွေးကို ဖြည့်တွေးပါ

Source: www.lifehacks.io

အဆင်မပြေမှုတွေကြောင့် စိတ်ဖိစီးမှုတွေကြောင့် လူတွေရဲ့ ချီးမြှောက်အားပေးမှုတွေနဲ့ လွဲနေရတာတွေကြောင့် အထီးကျန်နေသလို ခံစားနေရတယ်ဆိုရင်လည်း အဲဒီစိတ်တွေကို ဖျောက်လိုက်ပါ။ တကယ်တော့ ဘဝမှာ လူတိုင်းဟာ တစ်နေရာမဟုတ် တစ်နေရာမှာ အဆင်မပြေမှုတွေ အထီးကျန်မှုတွေကို ခံစားနေကြရတာပဲဖြစ်ပါတယ်။