သူငယ်ချင်းတွေ လူစုပြီး စားကြသောက်ကြတဲ့အခါ ကိုယ့်အဖွဲ့ထဲမှာ အူရိုင်းသူတွေ ၊ အမူးလွန်သူတွေ နဲ့  ကိုယ့်လစ်မစ်အထက်ကို ကျော်လွန်ပြီး သောက်ကြတဲ့သူတွေ တစ်ယောက်လောက်တော့ ပါလာနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ အမြဲ TGIF လုပ်နေကျ လူတွေအနေနဲ့ ဒီလို အမူးလွန်နေတဲ့ ကိုယ့်သူငယ်ချင်းကို ဘယ်လို ပြုစုရမလဲဆိုတာတော့ သိထားသင့်ပါတယ်။

သူ့ရဲ့ အပြုအမူတိုင်းကို လိုက်ကြည့်ပါ

Source: cdn.narcity.com

တချို့တွေက မူးလာတဲ့ အခါမျိုးမှာ အန္တရာယ်ရှိတဲ့ အပြုအမူတွေကိုပါ လုပ်လာတတ်ကြပါတယ်။ ဒါ့ကြောင့် ကလပ်တွေ ဘားတွေမှာ ရန်ဖြစ်ကြတာ အသက်ဆုံးရှုံးရတာတွေဖြစ်ပွားတတ်ကြတာပါ။ မူးလာချိန်မှာ ဘာကိုမှ ထိန်းချုပ်နိုင်စွမ်း မရှိတတ်ကြလို့ပါ။ ဒါ့ကြောင့် အမူးလွန်နေတဲ့ သူငယ်ချင်းရဲ့ လှုပ်ရှားမှုတိုင်းကို သတိနဲ့ စောင့်ကြည့်နေသင့်ပါတယ်။

ရေ ဒါမှမဟုတ် အသီးဖျော်ရည် တစ်ခုခု အစားထိုးသောက်ခိုင်းပါ

Source: thirdforcenews

အရမ်းအမူးလွန်နေပြီဆိုရင်တော့ သူ့ကို အရက်တွေ ထပ်မသောက်စေပါနဲ့တော့။ ရေ ဒါမှမဟုတ် ကုတ် ဒါမှမဟုတ် အသီးဖျော်ရည်တစ်ခုခုကိုပဲ သောက်ဖို့ တိုက်တွန်းပါ။ သတိပြုရမယ့် တစ်ချက်ကတော့ ကော်ဖီ လုံးဝမတိုက်လိုက်ပါနဲ့ ။ အစာအိမ်အတွက် ထိခိုက်နိုင်လို့ ဖြစ်ပါတယ်။

အာရုံပြောင်းပါ

Source: srbijadanas.com

သူ အမူးလွန်နေပြီလို့ သတိထားမိပြီဆိုရင် သူ့ကို အရက်တွေ ဆက်မသောက်တော့ဖို့တားပါ။ တားလို့မှမရဘူး သူက အရက်တွေ စွတ်သောက်ဖို့ပဲ လုပ်နေတယ်ဆိုရင်တော့ တီဗီအတူကြည့်ပြီး အာရုံပြောင်းတာ ဒါမှမဟုတ် ထွေရာလေးပါး စကားစမြည်ပြောဆိုတာတွေနဲ့ သူ့ကို အာရုံပြောင်းဖို့ လုပ်ပါ။

ဒေါသထွက်စေမယ့် စကားတွေရှောင်ပါ

Source: duilawyerlosangeles.com

မူးလာရင် ဘာကိုမှ တွေးတောဆင်ခြင်နိုင်စွမ်းမရှိ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အထက်ကအတိုင်း အာရုံပြောင်းဖို့ ထွေရာလေးပါး စကားတွေပြောဆိုတဲ့အခါမှာ သူ့ကို စိတ်ထိခိုက်စေမယ့် စကားလုံးတွေ ၊ ဒေါသထွက်စေမယ့် စကားလုံးတွေကို သတိထားပြီး ရှောင်ကြဉ်ပါ။ မဟုတ်ရင် အချင်းချင်း မလိုလားအပ်တဲ့  ခိုက်ရန်ဖြစ်ပွားတာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

တစ်ယောက်တည်း အိပ်ဖို့ ပစ်မထားခဲ့ပါနဲ့

Source: 4.bp.blogspot.com

အမူးလွန်နေသူကို တစ်ယောက်တည်း အိပ်ဖို့ ပစ်ထားခဲ့တာမျိုးတွေ မလုပ်ပါနဲ့ ။ သူ မအိပ်သွားစေဖို့ ရုပ်ရှင်ကြည့်တာ စကားစမြည်ပြောဆိုတာတွေ လုပ်တာတောင်မှ မရဘဲ အိပ်ပျော်သွားခဲ့သည်ရှိသော် သူ့ဘေးမှာ စာအုပ်ဖတ်ရင်းဖြစ်ဖြစ် တီဗီကြည့်ရင်းဖြစ်ဖြစ် ကြည့်ရှုပေးနေသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်တာ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးမှာ ဖြစ်ဖြစ် အိပ်နေရင်း အန်လိုက်တဲ့ အခြေအနေမျိုးမှာဖြစ်ဖြစ် အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးသွားနိုင်တာကြောင့်ပါ။