ဘဝမှာဒုက္ခအရောက်ဆုံးအချိန်နဲ့ ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်ရတဲ့အချိန်ကိုပြောပါဆိုရင် ဦးနှောက်တွေ မှိုတက်နေတဲ့အချိန်ပါပဲ။ ဦးနှောက်တွေ မှိုတက်နေတဲ့အခါမှာဘာကိုမှ ရှင်းရှင်းလင်းလင်းတွေးခေါ်လုပ်ကိုင်နိုင်စွမ်းမရှိတော့ပါဘူး။ ဒီအခါမှာစိတ်ဓာတ်ကျမှုတွေကဒွန်တွဲပြီးရောက်လာတာပါ။
စိတ်ဓာတ်ကျ ညှိုးငယ်နေတဲ့အချိန်မှာဘာလုပ်သင့်လဲ
Source: Ourholistichealth.org
စိတ်ဓာတ်ကျ ညှိုးငယ်နေချိန်မှာ အနုပညာနဲ့ ထိတွေ့ခြင်းကအကောင်းမွန်ဆုံးပါပဲ။ဘယ်အနုပညာလဲဆိုတော့ ကိုယ်နဲ့နီးစပ်တဲ့ ကိုယ်နဲ့ ပိုလိုက်လျောညီထွေရှိတဲ့ အနုပညာပိုင်းတွေကိုဦးစားပေးစီးမျောကြည့်ပါ။
ပန်းချီဆွဲခြင်း
ပန်းချီဆွဲခြင်းတိတ်ဆိတ်ငြိမ်သက်ပြီး သိမ်မွေ့နူးညံ့တဲ့ အနုပညာတစ်ခုပါ။ စိတ်ဓာတ်ကျနေချိန်မှာ ပန်းချီဆွဲခြင်းကဘယ်လိုအရာမျိုးကိုမှ မတွေးမိနိုင်အောင် စိတ်ငြိမ်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒီတော့ သင်ဟာဆိတ်ငြိမ်တဲ့ အနုပညာဘက်ကိုပိုအားသန်တယ်ဆိုရင်တော့ ပန်းချီဆွဲခြင်းကိုရွေးချယ်လိုက်ပါ။
ကခြင်းနဲ့ သီချင်းဆိုခြင်း
Source: Judo-mansio.be
ကခြင်းနဲ့ သီချင်းဆိုခြင်းမည်တဲ့ အနုပညာတွေကတော့ ပန်းချီဆွဲတာနဲ့ မတူတော့ပါဘူး။ သူတို့ကလွတ်လပ်တက်ကြွပြီး ခန္ဓာကိုယ် လှုပ်ရှားမှုတွေပါ ပါလာပါတယ်။ ကတာနဲ့ သီချင်းဆိုတာဟာလည်းကိုယ့်ရဲ့ ခံစားမှုအတိုင်းလုပ်ဆောင်နေရတာမို့ ကိုယ့်စိတ်ခံစားချက်အတိုင်း မြူးတာဆွေးတာတွေ ဖြစ်သွားမှာပါ။
သီချင်းနားထောင်ခြင်း
Source: Thefix.com
သီချင်းနားထောင်ခြင်းကလည်း အနုပညာကိုခံစားသက်ဝင်မှုတစ်မျိုးပါပဲ။ ကိုယ်တိုင် ဖန်တီးထားတဲ့ အနုပညာမဟုတ်ပေမယ့်လည်း သူတပါးဖန်တီးပြီးသားအနုပညာတို့ကို ပြန်လည် ခံစားတာမျိုးပါပဲ။ အထက်ကဖော်ပြခဲ့တဲ့ အနုပညာသက်ဝင်မှုတွေကဦးနှောက်ရဲ့ စိတ်ခံစားချက်ထိန်းချုပ်နိုင်စွမ်းကိုပိုမိုကောင်းမွန်စေပြီး အဓိပ္ပါယ်မဲ့ ကြောက်ရွံ့ထိတ်လန့်ခြင်းကိုလျော့နည်းစေပါတယ်။