Party လို့ပြောလိုက်တာနဲ့ ညပိုင်းတွေမှာပဲ ကျင်းပတတ်တဲ့ Night Party တွေကို ပြေးမမြင်လိုက်ပါနဲ့။ ပုရိသတို့အတွက် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ ကိုယ်ကိုတိုင်လည်း ပျော်ရွှင်ရမယ်၊ ကိုယ့်ချစ်သူ၊ မိသားစုကိုလည်း အချိန်ပေးရာရောက်နိုင်မယ့် ပေါ့ပေါ့ပါးပါး Home Party လေးတွေကို ကျင်းပဆင်နွှဲလို့ ရပါတယ်။
Home Party လေးကို အထူးအဆန်းလေးဖြစ်အောင် ဖန်တီးမယ်။
Source : Shutterstock
ပုံမှန် ကျင်းပနေကျစတိုင်မျိုးမှ ခွဲထွက်ပြီး ပါဝင်ဆင်နွှဲသူအားလုံး တက်ကြွပျော်ရွှင်စေနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဒါကတော့ ဆန်းသစ်တဲ့ ဂိမ်းလေးတွေ စုပေါင်း ကစားကြတာပဲ ဖြစ်ပါတယ်။
ဘီယာပြိုင်သောက်ခြင်း
Source : Shutterstock
နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ပျော်စရာဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ အနိုင်၊အရှုံး သေချာပေါ်အောင် တော့ Party ပွဲမှာ ဘီယာတွေ များများရှိနေဖို့ လိုပါတယ်။
အရုပ်လေးတွေ အပြိုင်အဆိုင် ဖန်တီးခြင်း
Source : Shutterstock
အမျိုးသားတွေဟာ အလှအပနဲ့ အလှမ်းဝေးတတ်ကြပါတယ်။ ဒါပေမယ့် တချို့ အမျိုးသားတွေရဲ့ အလှ အပ ဖန်တီးနိုင်မှုဟာ အမျိုးသမီးတွေထက် သာနေတာ တွေ့ရတတ်ပါတယ်။ ဒီလို ပုရိသတွေကို ချစ်စဖွယ်အ ရုပ်မလေးတွေ ဖန်တီးပြီး ပျော်စရာဂိမ်းလေးတစ်ခု ယှဉ်ပြိုင်လို့ ရပါတယ်။
သီချင်းဆိုပြိုင်ခြင်း
Source : Shutterstock
စတိုင်ကျတဲ့ ကွီးတွေဟာ သီချင်းကောင်းကောင်း သီဆိုတတ်ကြပါတယ်။ ဒီတော့ ကွီးတို့ရဲ့ အရည်အချင်းတွေကို အကဲဖြတ်အမှတ်ပေးတဲ့ အနေနဲ့ သီချင်းဆိုပြိုင်ပွဲလေးကိုလည်း ပျော်ရွှင်ဖွယ် ဂိမ်းလေးတစ်ခုအ ဖြစ် Home Party မှာ ထည့်သွင်းလို့ရပါတယ်။