သူငယ်ချင်းတွေလည်းပျော် ကိုယ်လည်းပျော်အောင် ပါတီပွဲလေးတစ်ပွဲ ဖန်တီးချင်တယ်။ အဲဒီ ပါတီပွဲဟာလည်း ရိုးရှင်းငြီးငွေ့နေစရာမကောင်းဘဲ အမြင်ဆန်းသစ်နေစေဖို့ ဘာတွေ စီစဉ်ထားရမလဲ။ ပါတီရောက်လာတဲ့ သူငယ်ချင်းတွေ ရင်သပ်ရှူမောချီးကျူးမဆုံးဖြစ်နေအောင် ဘာတွေ စီစဉ်ထားသင့်သလဲဆိုတာ နည်းနည်းလေး ပြောပြပေးမယ်နော်။

Source: Shutterstock

ကော့တေးလ် ခွက်လှလှလေးတွေ ရှိတယ်ဆိုပေမယ့်လည်း ပါတီမှာ လူစုံ ပျော်စရာစုံ စကားစုံ နဲ့ ပျော်မြူးနေချိန်မှာ သစ်သီးလေးထဲ သောက်စရာထည့်သောက်တဲ့ စတိုင်က နဂိုမြူးပြီးသား ဓာတ်ခံတွေကို ပိုပြီး အူမြူးစေပါတယ်။ နာနတ်သီးထဲမှာပဲ တစ်ယောက်စာ ထည့်တာမျိုးပဲ ဖြစ်ဖြစ် ၊ ဖရဲသီးထဲ အဖွဲ့လိုက်စုသောက်ဖို့ ထည့်ထားတာပဲဖြစ်ဖြစ် အလှဆင်ဖန်တီးထားနိုင်ပါတယ်။

Source: Shutterstock

ပါတီရဲ့ ဘက်ဂရောင်းအရောင်ပဲ ဖြစ်ဖြစ်၊ စားပွဲရောင်ပဲဖြစ်ဖြစ် ၊ စားပွဲခင်းအရောင်ကိုပဲ ဖြစ်ဖြစ် အရောင်နုနုတောက်တောက်ကလေးတွေ အသုံးပြုတာဟာ ပါတီတွင်းက လူတွေကို ပိုပြီး စိတ်ဓာတ်တတ်ကြွစေပါတယ်။ အထူးသဖြင့် unicorn အရောင်လေးတွေကို သုံးတာက ပိုပြီး လိုက်ဖက်ပါတယ်။

Source: Shutterstock

ပါတီက စားပွဲဟာ ချစ်စရာ စိတ်ဝင်စားစရာကောင်းနေအောင် ပြင်ဆင်ထားသင့်ပါတယ်။ ဒါဟာ ပါတီပွဲကို ဆင်နွှဲကြသူတွေဖို့တင်သာမက ပါတီကို ပြင်ဆင်ဖန်တီးထားတဲ့ ကိုယ်ကိုယ်တိုင်ကိုလည်း ကြည်နူးပျော်ရွှင်စေပါတယ်။ ဓာတ်ပုံလေးထဲမှာ လှနေရင်လည်း ပြန်ကြည့်လိုက်တိုင်း ပြန်တွေးလိုက်တိုင်း သဘောကျစရာပါတီအဖြစ် ထင်ကျန်ရစ်နေစေမှာပါ။

Source: Shutterstock

သောက်စရာပြင်ဆင်ထားတာပဲဖြစ်ဖြစ် စားစရာပြင်ဆင်ထားတာပဲဖြစ်ဖြစ် ဘက်ဂရောင်းစဉ်းစားတာပဲဖြစ်ဖြစ် ပါတီတစ်ခု ပြင်ဆင်တော့မယ်ဆိုရင် အရောင်စုံနေအောင် ၊ အရောင်စိုနေအောင် အမြဲထည့်သွင်းစဉ်းစားပေးပါ။ ပါတီကို လာတဲ့သူတွေကို ပထမဆုံးအမြင်မှာတင် ဆွဲဆောင်နိုင်စေမှာက သုံးထားတဲ့အရောင်တွေပါပဲ။

Source: Shutterstock