အမျိုးသားတွေအတွက် လိုအပ်တဲ့ Accessory တွေထဲမှာ Neck Wear ဟာ မပါမဖြစ်ပါ။ Neck Wear လို့ပြောလိုက်ရင် နှစ်မျိုးပဲရှိပါတယ်။ တစ်ခုက Neck Tie ဖြစ်ပြီး နောက်တစ်ခုကတော့ Scarf ပဲဖြစ်ပါတယ်။ Scarf ဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ အသုံးပြုနိုင်ပါတယ်။

အေးတဲ့ရာသီဥတုမှာ ပိုအသုံးဝင်တယ်ဆိုပေမယ့် Occasion တစ်ခုခုကြောင့် Formal ဝတ်ဖို့လိုလာပြီဆိုရင်တော့ Tie အစား Scarf တွေလည်း သုံးနိုင်ပါတယ်။ Scarf ကိုဘယ်သူတွေအများဆုံးဝတ်ကြလဲဆိုရင်တော့ အနုပညာကျောင်းသားတွေပါ။ သင်ဟာမျက်မှန်သမားဆိုရင်လည်း Scarf ကို Neck Wear အဖြစ်ဝတ်ရင် Geek ပုံစံပေါက်စေမှာပါ။ Scarf ဝတ်တာဟာ မိန်းမမဆန်ပါဘူး။ Creative ဖြစ်တာလို့ပြောရပါမယ်။

ဘာလို့လဲဆိုတော့ အမျိုးသားတွေအတွက် Accessory က အမျိုးသမီးတွေထက်ရှားပါတယ်။ ဒါကြောင့်သင်ဟာ ဖက်ရှင်နဲ့အလိုက်အထိုက်နေချင်တဲ့သူဆိုရင်တော့ အဝတ်အစားကောင်းကောင်း ဝတ်ထားရုံနဲ့မလုံလောက်ပါဘူး။ အဆင်အယင်တွေထပ်ပြီးဖြည့်သင့်ပါတယ်။ Scarf ကဒီတိုင်းကောက်ပတ်လို့မရသလို Manly ဖြစ်စေမယ့် Scarf ချည်ပုံချည်နည်းကို နာမည်နှင့်တကွ အနည်းငယ် ဝေမျှပေးချင်ပါတယ်။

The Drape

The Parisian Knot

The Fake Knot

The Over-Hand

The Reverse Drape

The Once-Around

Source: fashionbeans.com