ပိုက်ဆံရှာခြင်းဟာ လူတွေရဲ့ မွေးရာပါ ရပ်တည်ရေးအသိပါ။ လူတိုင်း ငွေရှာကြပြီး ချမ်းသာသူ သိပ်နည်းနေတာ ကြည့်ရင် သူဌေးဖြစ်ဖို့ခက်မယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် ကိုယ်ရှာထားတဲ့ ငွေကို ခိုင်းတတ်စေတတ်ရင် မချမ်းသာတောင် မကြောင့်ကြရတော့ပါဘူး။

(၁) ကြိုးစားရှာ ချွေတာသုံး

Source: Unsplash

အလွန်ရိုးလှတဲ့ ငွေကြေး စည်းမျဉ်းတစ်ခုက ငွေကို ပိုရှာဖို့နဲ့အသုံးအစွဲ စိစစ်ဖို့ပါပဲ။ တစ်ခါတစ်လေမှာ အသေးသုံးလေးတွေကြောင့် စာရင်းပျောက်သွားတဲ့ ငွေတွေ သိန်းဂဏန်းများစွာ ရှိတာ ကျွန်တော်တို့တွေ့ရမှာပါ။ ဒီယိုပေါက်ဟာ သေးလွန်းပေးမယ့် အမြဲကို ရှိနေတာ ဖြစ်လို့ရှာဖွေပြီး ပိတ်ထားသင့်ပါတယ။်

(၂) အကြွေးကင်းအောင်နေပါ

Source: Pixabay

ပိုက်ဆံအချေးအငှား လက်လွယ်သူတွေဟာ အမြဲငွေကြေး ပြဿနာတက်ပါတယ်။ Credit Card သုံးတာ ၊ ဇိမ်ခံပစ္စည်းအတွက် ပြင်ပချေးငွေ ယူတာအပြင် ရပ်ကွက်ထဲက Microfinance တွေဆီက ငွေချေးတာအထိ တတ်နိုင်သမျှ ရှောင်သင့်သလို ရှိထားတဲ့ အကြွေးတွေလည်း အမြန်ဆပ်သင့်ပါတယ်။

(၃) ဝင်ငွေထဲက စုပါ

Source: Pexels

ပိုက်ဆံစုဖို့မမေ့ပါနဲ့။ ရာခိုင်နှုန်း နည်းရင်တောင်မှ ငွေစုဖြစ်အောင် စုသင့်ပါတယ်။ ငွေစုခြင်းဟာ ကာလရှည်ကြာလေလေ အကျိုးရှိလေလေပါပဲ။

(၄) ရင်းနှီးမြှပ်နှံပါ

Source: Unsplash

စုထားတဲ့ ပိုက်ဆံတွေကို မှိုတက်မခံပါနဲ့။ လုပ်ငန်းတစ်ခု ထောင်တာ ၊ ဒါမှမဟုတ် ကိုယ်တတ်ကျွမ်းနားလည်ပြီး ယုံကြည်ထိုက်တဲ့ အလုပ်တစ်ခုခုမှာ ငွေကြေး ထည့်ဝင်တာမျိုး လုပ်မယ်ဆိုရင် ဒီငွေဟာ ကိုယ့်အိတ်ကပ်ထဲကို နောက်ထပ် ငွေပမာဏအသစ်တွေ ထည့်ပေးသွားမှာ ဖြစ်ပါတယ်။

Featured Image Source : Unsplash