ဒီတပတ်မှာတော့ တစ်ဖန်ပြန် ခေတ်စားလာ Throwback Fashion လေးအကြောင်းကို ကွီးတို့ကိုပြောပြချင်ပါတယ်။ အဲ့ဒါကတော့ ပိုလိုတီရှပ်တွေပဲဖြစ်ပါတယ်။ ပြန်ခေတ်စားလဲ ဘာလုပ်ရမှာလဲပုံတုံးကြီးဟာလို့ အပြောမစောပါနဲ့။ ဘယ်လို Version မြင့်လာလဲဆိုတာကိုအောက်မှာပဲဆက်ပြီးဖတ်ကြည့်ပေတော့။
Source: Charmboard
70s လောက်တုန်းကဆို Polo တီရှပ်တွေဟာ အရမ်းခေတ်စားခဲ့ပါတယ်။ သူ့ဒီဇိုင်းကရိုးရှင်းတဲ့အတွက် နောက်ပိုင်းမှာ အသစ်ထွက်တဲ့ပုံစံတွေကိုပဲ ရွေးချယ်ဝတ်ဆင်ကြပါတော့တယ်။ ပိုလို တီရှပ်တွေဟာ Classic ဖြစ်ပါတယ်။ ၂၀၁၈ မှာခေတ်စားတဲ့ ဒီဇိုင်းကတော့ ပိုလိုရှပ်ကို ပြန်လည်ဆန်းသစ် ဖန်တီးထားတဲ့ သဘောပါ။ Retro ကော်လံနဲ့ အင်္ကျီ လက်မှာအစင်း ပါထပ်ထည့်ထားတဲ့ အပြင်ခါးကိုလည်း အနည်းငယ်ပိုရှည်ထားပါတယ်။ ချည်သားအထူနဲ့ပြုလုပ်ထားပြီးအင်္ကျီသားက အနည်းငယ်ကြမ်းပါတယ်။
Source: Shutterstock
တစ်ခုထူးခြားတာက Polo Shirt လို့ပြောပေမဲ့ အရင်တုန်းကဒီဇိုင်းတွေအတိုင်း ကြယ်သီးနဲ့ပဲမဟုတ်ပါဘူး ဇစ်တို့ ကြယ်သီးမပါပဲ ကော်လံအပွင့်ဒီဇိုင်းမျိုးတွေဖြစ်ပါတယ်။ ဒီဇိုင်းပြီးတော့ ကာလာကိုပြောရမယ်ဆိုရင်တော့ အရင်တုန်းကပိုလိုရှပ်တွေလို ဗြောင်ကြီးပဲမဟုတ်တော့ပါဘူး။
Source: Shutterstock
Pattern လေးတွေဆိုလှမှလှ အရောင်တွေကလည်း ကြက်သွေးနီရောင် တို့လိုရှားပါးတဲ့ အရောင်တွေပါရှိပါတယ်။ နောက်လျှို့ဝှက်ချက်ကတော့ ပိုလိုတီရှပ်တွေရဲ့ Cutting ဟာခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်အောင်ချုပ်ထားတာမို့ ဝတ်လိုက်တိုင်း Fit ဖြစ်စေမှာပါ။ အရင်ခေတ်တွေတုန်းကတော့ အားကစား လုပ်တဲ့သူတွေ ပိုပြီးတော့ဝတ်ကြပါတယ်။ ခုနောက်ပိုင်း ဖက်ရှင်ရေစီးကြောင်းအရ ပိုလိုရှပ်ကို Upgrade လုပ်လိုက်သလို အရောင်အသွေးစုံလင်ပြီး ဒီဇိုင်းဆန်းလို့ အရင်တုန်းက ပုံတုန်းတဲ့ ပိုလိုတီရှပ်လို့ တောင်ထင်ရမှာ မဟုတ်ပါဘူး။ မသိရင် လူတစ်ယောက်ကို Identity ပြောင်းလိုက်သလို Polo ကိုလည်း နောက်ထပ် Level တစ်ခုကို ၂၀၁၈ မှာ ဖက်ရှင်လောက ကဆွဲတင်ခဲ့ပါပြီ။