အမျိုးသားတိုင်းက ဂျင်းဘောင်းဘီကို စွဲလန်းနှစ်သက်စွာ ဝတ်ဆင်တတ်ကြပါတယ်။ ဒါပေမယ့် ဂျင်းဘောင်းဘီက စတိုင်မျိုးစုံရှိတဲ့အတွက် ကိုယ်နဲ့လိုက်ဖက်မယ့် ဂျင်းစတိုင်တွေကို ရွေးချယ်ဝတ်ဆင်လိုက်မယ်ဆိုရင် ယခင်ထက်ပိုမိုခန့်ညားတဲ့ အမျိုးသားတစ်ယောက်ဖြစ်သွားနိုင်ပြီပေါ့။

Slim Type

Source: Instylebeads

ခန္ဓာကိုယ်ကို ချပ်ချပ်ရပ်ရပ်ရှိစေတဲ့ ဂျင်းဘောင်းဘီအမျိုးအစားဖြစ်ပါတယ်။ တင်နဲ့ပေါင်ကိုချပ်ရပ်စေပြီး ခန္ဓာကိုယ်ကို သွယ်လျသွားအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။

Skinny Type

Source: pinterest.com

ပိန်လျတဲ့အမျိုးသားများ ရွေးချယ်ဝတ်ဆင်သင့်တဲ့ ဂျင်းဘောင်းဘီအမျိုးအစားဖြစ်ပါတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ စတိုင်ကျစေနိုင်ပါတယ်။ ဒါပေမယ့် ပိုပိန်ကပ်ပြီး ကြည့်ရဆိုးတဲ့ပုံစံမျိုးမဖြစ်စေဘဲ သက်သောင့်သက်သာနဲ့ စတိုင်ကျစေနိုင်တဲ့ ဂျင်းဘောင်းဘီစတိုင်ဖြစ်ပါတယ်။

Straight Type

Source: aliexpress.com

လူဝကြီးတွေဖြစ်စေ၊ လွတ်လပ်ပေါ့ပါးမှုကို နှစ်သက်သူဖြစ်စေ ရွေးချယ်ဝတ်ဆင်သင့်တဲ့ ဂျင်းဘောင်းဘီစတိုင်တစ်ခုဖြစ်ပါတယ်။ ဒဲ့ပွစတိုင်ဖြစ်ပြီး ပူအိုက်တဲ့နွေရာသီတွေမှာ ဝတ်ဆင်လို့အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။