ယောက်ျားလေးတစ်ယောက်မှာ ပိုလိုရှပ်တစ်ထည်ကတော့ မရှိမဖြစ်နီးပါး အရေးကြီးတဲ့အရာတစ်ခုပါ။ စပို့ရှပ်လို့လည်း ခေါ်တဲ့ ဒီ ပိုလိုရှပ်တွေက ဖန်စီပုံစံတွေထက် တကယ့်ကောင်းတဲ့ ပိုလိုရှပ်တွေဆိုရင် ကိုယ့်ရဲ့ အဆင့်အတန်းကိုပါ တိုးမြင့်စေတဲ့အတွက် အကောင်းဆုံးသော ပိုလိုရှပ်ဝတ်ဆင်ပုံတွေကို ဖော်ပြလိုက်ပါတယ်။

ပိုလိုရှပ်လက်ရှည်ကို ဝတ်ဆင်ပါ

Source: Pinterest

ပိုလိုရှပ်တွေအများစုဟာ လက်တိုအင်္ကျီတွေပဲများပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ပိုလိုရှပ်လက်ရှည်ကို ဝတ်လိုက်တဲ့အချိန်ကြရင် တခြားသော ပိုလိုရှပ်ကို ဝတ်ဆင်ထားတဲ့ယောက်ျားလေးတွေနဲ့ ယှဉ်ရင်တောင် သိသိသာသာကွာခြားပြီးထူးခြားနေမှာပဲဖြစ်ပါတယ်။

အနက်ရောင်ပိုလိုရှပ်

Source: Pinterest

ပိုလိုရှပ်ဝယ်တော့မယ်ဆိုတာနဲ့ အဓိကအရင်ဆုံးဝယ်ရမှာကတော့ အနက်ရောင်ပိုလိုရှပ်က အရင်ဆုံးဝယ်ထားရမယ့် ပိုလိုရှပ်တစ်ခုဖြစ်ပါတယ်။ ဘယ်ပဲသွားသွားသင့်တော်သလို အခမ်းအနားတစ်ခုခုကို သွားရတော့မယ်ဆိုရင်လည်း အပေါ်က ကုတ်အင်္ကျီလေးထပ်ဝတ်သွားလိုက်တာက သင့်ကို စတိုင်ကျနေစေမှာပါ။

အနီရောင်ပိုလိုရှပ်

Source: Pinterest

ရာသီဥတုက ပူကပူနဲ့ အနီရောင် ပိုလိုရှပ်က အရမ်းပူမှာပဲလို့ မတွေးပါနဲ့။ အနီရောင် ပိုလိုရှပ်တစ်ထည်က အနက်ရောင်ပိုလိုရှပ်ပြီးရင် ကျိန်းသေရှိသင့်တဲ့ အရောင်ဖြစ်ပြီးတော့ ညနေဘက်အပြင်သွားမယ်ဆိုရင်လည်း စတိုင်ဘောင်းဘီတစ်ထည်နဲ့ တွဲဝတ်သွားရုံနဲ့တင် သင့်ကို လုံးဝအမြင်ဆန်းသစ်သွားစေမှာပါ။

Blue Navy

Source: Pinterest

နက်ပြာရောင် ပိုလိုရှပ်တွေကလည်း ပိုလိုရှပ်လို့ဆိုလိုက်တာနဲ့ နာမည်ကြီးအရောင်တစ်ခုဖြစ်နေပါပြီ။ အဲ့ဒီအတွက် အနက်ရောင်နဲ့ အရောင်တော်တော်တွေကြားမှာ ခန့်ငြားနေစေဖို့အတွက်ကတော့ နက်ပြာရောင် Blue Navy ပိုလိုရှပ်က အကောင်းဆုံးပါ။

ပိုလိုရှပ်တွေကို ဝတ်ဆင်တဲ့နေရာမှာလည်း ကော်လာကို အပေါ်ကို မထောင်ဖို့နဲ့ အရမ်းကျပ်နေတာ၊ ချောင်နေတာမျိုးကို မဝတ်မိဖို့လည်း အရေးကြီးတယ်နော်။