ယနေ့ခေတ်မှာ အိပ်မွေ့ချကုထုံးကို လူတွေက သိပ်သုံးကြတာမတွေ့ရတော့ပါဘူး။ ဒါပေမယ့်လည်း လူတော်တော်များများကတော့ အိပ်မွေ့ချကုထုံးအကြောင်း စိတ်ဝင်တစားရှိကြပါတယ်။ အိပ်မွေ့ချကုသခြင်းဟာ နွမ်းနယ်ပင်ပန်းနေတဲ့စိတ်ကို ပြေလျော့စေပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ဆုံးဖြတ်နိုင်ဖို့ ကူညီပေးပါတယ်။ အိပ်မွေ့ချကုသခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ကြည့်ကြရအောင်ပါ။

ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ

Source: http://www.hypnotherapy-nlptraining.co.uk

နေ့စဉ်ဘဝမှာ ကိုယ်ကိုယ်တိုင်တောင် မကြိုက်တဲ့အကျင့်ဆိုးတွေ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ပြင်ချင်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မပြင်နိုင်ဘဲ ဒီအကျင့်ဆိုးတွေကို ဆက်လက်လုပ်ဆောင်နေတတ်ကြပါတယ်။ အိပ်ငွေ့ချကုသခြင်းကြောင့် စိတ်ထဲက မပြတ်မသားစိတ်တွေကို ကောင်းမွန်တဲ့ လမ်းကြောင်းဖက် ပြောင်းလဲပေးသွားနိုင်ပါတယ်။

ခံယူချက်တွေ ပြောင်းလဲလာခြင်း

Source: https://img.grouponcdn.com/

အိပ်မွေ့ချကုသပေးခြင်းနဲ့ ခံယူချက်တွေကိုလည်း ပြောင်းလဲပေးသွားနိုင်ပါတယ်။ သိပ်ကို ထူးဆန်းတဲ့ ကုထုံးပါပဲ။ ပျော့ညံ့မှုတွေလည်း တဖြည်းဖြည်း ပျောက်ကင်းသွားပြီး စိတ်ဓာတ်ခိုင်မာမှုကိုလည်း ရရှိစေနိုင်ပါတယ်။

စိတ်ဖိစီးမှုတွေ ပြေလျော့သွားခြင်း

Source: https://img.grouponcdn.com/

အိပ်မွေ့ချကုသပေးခြင်းဟာ ဖိစီးနေတဲ့စိတ်တွေကိုလည်း ပြေလျော့သွားစေပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆက်စပ်ပြီး ဖြစ်တတ်တဲ့ ပန်းနာရင်ကြပ် ရောဂါ၊ ဝမ်းဗိုက်မကောင်းတဲ့ ရောဂါ၊ အရေပြားရောဂါအမျိုးမျိုးကိုလည်း သက်သာစေနိုင်တာကို သိရှိခဲ့ရပါတယ်။

Source: Welldoing

စိတ်ခံစားချက်ကို ပြောင်းလဲလိုက်တဲ့ ကုထုံးဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ပြောင်းလဲလိုစိတ် အပြည့်ရှိရပါမယ်။ စိတ်အားထက်သန်မှုရှိမှ ပိုမို အကျိုးသက်ရောက်နိုင်မှာ ဖြစ်ပါတယ်။