K-pop လောကထဲမှာ Sexy ကျကျနဲ့ သီချင်းတွေကို သီဆိုတတ်တဲ့ Hyuna ကိုတော့ K-pop ကို စိတ်ဝင်စားတဲ့သူဆိုရင် သိကြမှာပါ။ အခုအချိန်မှာတော့ သူမနဲ့အပါအဝင် သူမနဲ့ လက်ရှိမှာ တွဲခုတ်နေတဲ့ Pentagon က E’Dawn တို့ဟာ သူတို့ရဲ့ Agency ကနေ ထုတ်ခံလိုက်ရပြီဖြစ်ပါတယ်။

 

Source: allkpop.com

အခုလိုမျိုး Hyuna နဲ့ E’Dawn တို့ကို ထုတ်ခဲ့တာကတော့ Cube Entertainment ဖြစ်ပြီးတော့ အခုလိုမျိုး ထုတ်ခဲ့တာကလည်း အခုလိုမျိုး Hyuna နဲ့ E’Dawn တို့ တွဲနေတာက ယုံကြည်မှုကို ပျက်ယွင်းစေတဲ့အတွက် အခုလိုမျိုး ကုမ္ပဏီကနေ ထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source: allkpop.com

ပုံမှန်အားဖြင့် တောင်ကိုရီးယားက K-pop Artist တွေဟာ အခုလိုမျိုး လူသိထင်ကြား တွဲခုတ်လေ့မရှိဘဲ အခုလိုမျိုး တွဲတာက သူတို့ရဲ့ Public Image နဲ့ Relationship ကို ထိခိုက်တယ်လို့ ယူဆထားတာဖြစ်ပါတယ်။ အခုတစ်ကြိမ် Hyuna တို့ဖြစ်ရပ်ကလည်း အခုကိစ္စကြောင့်ပဲလို့ ယူဆရပါတယ်။

Source: allkpop.com

Hyuna ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံး Artist တစ်ယောက်ဖြစ်ပြီးတော့ Wonder Girls နဲ့ 4Minute တို့ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့သလို အခုအချိန်မှာလည်း ကိုယ်တိုင် သီးသန့် Soloist တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ အခုလိုမျိုး ဖြစ်ရပ်ဟာ အောင်မြင်မှုတွေရရှိနေတဲ့ Hyuna ကိုပဲ ရပ်တန့်လိုက်နိုင်မလား၊ ဒါမှမဟုတ် Cube Entertainment ကိုပဲ အပြစ်ပြောခံရမလားကတော့ ဆက်ပြီး စောင့်ကြည့်ရမှာပါ။