လူတစ်ယောက်ရဲ့ဘဝမှာ ကိုယ့်ကိုယ်ကို အမြင့်ရောက်အောင် တင်ခြင်းဟာ မွေးရာပါ တာဝန်တစ်ခုပါ။ လူတစ်ယောက်အောင်မြင်ဖို့အကြောင်းတရားများစွာ ရှိပါတယ်။ ဒီအကြောင်းတရားတွေအပြင် နောက်ထပ် အရေးကြီးတာက Toxic Habits လို့ဆိုရမယ့် အကျင့်ပျက်ခြင်းတွေကိုလည်း ရှောင်ရှားဖို့လိုပါတယ်။

(၁) တောင်းမှာအကွပ် ဆိုပေမယ့်

Source: Pexels

The Clothes Maketh the Man ဆိုတဲ့ စကားရှိပါတယ်။ “တောင်းမှာ အကွပ် လူမှာ အဝတ်” ဆိုတဲ့ စကားကို ကြည့်ရင် အဝတ်အစားရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခုသိရမှာက အဝတ်အစားတွေ ဗီရိုထဲမှာ အပြည့်ရှိအောင် စုဆောင်းရင်းနဲ့ငွေကုန် ၊ အချိန်ကုန် မခံပါနဲ့။အောင်မြင်ဖို့ အတွက် အဝတ်အစားတွေချည်း လှိမ့်စုဆောင်းလို့မရပါဘူး။ အဝတ်အစားသင့်ရုံလောက် ဝယ်ပါ။ စာပိုဖတ်ပါ။ တိုးတက်ဖို့ပညာနဲ့ကျွမ်းကျင်မှုတွေ စုဆောင်းနေပါ။ ရုပ်ကိုပဲ သိပ်အလှပြင်နေရင် ဂရုစိုက်နေရင် အောင်မြင်ဖို့အချိန်ပိုကြာပါတယ်။ တကယ် အောင်မြင်ချင်ရင် အရင်ဆုံး ကိုယ်ဟာ Resources ပြည့်တဲ့ သူ ဖြစ်အောင် ကြိုးစားနေဖို့လိုပါတယ်။

(၂) အရက်ရှောင်ပါ

Source: Medical News Today

ရိုးရိုးလေး ပြောလို့ရတာတစ်ခုကတော့ အရက်ကြောင့် ဘဝအစီအစဉ်တွေ မပျက်စေဖို့ပါ။ အရက်သောက်ခြင်းဟာ နောင်တရစရာတွေ အများကြီးရဲ့ အခြေခံတစ်ခုပါပဲ။ အမှားတွေ လုပ်မိမယ်။ ငွေကုန် အချိန်ကုန် ၊ အလုပ်ကောင်းကောင်း မလုပ်နိုင် ၊ ကျန်းမာရေးပျက်စီးနိုင်တဲ့ အကျင့်ဆိုးတစ်ခုလည်း ဖြစ်ပါတယ်။ ငယ်တုန်းရွယ်တုန်းမှာ ဘဝအတွက် ရုန်းကန်ပါ။ တက်လမ်းရှာပါ။ ပျက်စီးစေမယ့် အကျင့်ဆိုးတွေနဲ့ဝေးဝေးရှောင်ပါ။

(၃) ဘဝဟာ ပြဇာတ်မဟုတ်ပါဘူး

Source: Pixabay

သိပ်မခံစားနဲ့။ Drama ခင်းတာမျိုး ရပ်ပါ။ ခင်ဗျားမှာ ပြောစရာ Story တွေ ရှိမှာပါ။ တကယ်က လူတိုင်းမှာ ကိုယ်ပိုင်ကြေကွဲစရာ ဇာတ်လမ်းတစ်ခု အနည်းဆုံး ရှိတာပါပဲ။ တကယ့်ဘဝမှာ ဒီအတိတ်ဆိုးတွေ နာကျင်စရာ အမှတ်တရတွေဟာ အသုံးမကျတော့ပါဘူး။
သင်ခန်းစာယူသင့်တာ ရှိသလို မေ့သင့်တာတွေလည်း ရှိပါတယ်။ အပေါ်ကို မော့ကြည့်ဖို့နဲ့ကိုယ့်ကိုယ်ကို ယုံကြည်စိတ်နဲ့Character ပြောင်းမယ့်သူဟာ Drama တွေကို ခေါက်ထားဖို့လိုပါတယ်။ ထက်ထက်မြက်မြက်တွေးပါ။ အလွမ်းအဆွေးတွေနဲ့ကိုယ့်ကိုယ်ကို နှစ်မထားပါနဲ့။ ဒါဆိုရင် ရှေ့သွားမယ့် လမ်းကို ပိုမြင်ပါလိမ့်မယ်။