ခုတလော ကောင်လေးတွေပါ မျက်ကပ်မှန်တပ်ရတာကို အတော်နှစ်ခြိုက်လာကြတာကို တွေ့ရပါတယ်။ မျက်ကပ်မှန်တွေက အလှတပ်လို့လည်းရသလို ပါဝါနဲ့တပ်ဆင်လို့လည်းရပါတယ်။ ကိုယ့်ကို လေးလုံးတို့ မှန်ကြောင်တို့ စသဖြင့် အလှောင်ခံရမှာ ကြောက်ကြလို့ မျက်ကပ်မှန်တပ်ဆင်တဲ့ သူတွေရှိသလို မျက်မှန်ထက် မျက်ကပ်မှန်က ပိုဖက်ရှင်ကျတယ်လို့ ခံစားရလို့ မျက်ကပ်မှန်တပ်ကြသူတွေလည်း ရှိပါတယ်။

ပါဝါပါတဲ့မျက်ကပ်မှန်

Source: www.lookism.net

မျက်မှန်မတပ်ဘဲ မျက်ကပ်မှန်တပ်မယ်ဆိုရင် သတိထားရမှာတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ ရိုးရိုးပါဝါဆိုရင် မျက်ကပ်မှန်တပ်ရတာ ပိုအဆင်ပြေလွယ်ကူတာပါပဲ။ ရိုးရိုးပါဝါမဟုတ်ဘဲ ဆလင်ဒါပါရင်တော့ အနည်းငယ် အခက်အခဲရှိပါတယ်။

ကာလာစုံ ဒီဇိုင်းစုံ မျက်ကပ်မှန်လေးတွေ

Source: www.peposevision.com

ပါဝါနဲ့ တပ်လို့ရရုံတင်မကပါဘူး။ ကိုယ့်မျက်လုံးမှာ တပ်ဆင်မယ့် မျက်ကပ်မှန်လေးတွေကို ကာလာလေးတွေပါတဲ့ မျက်ကပ်မှန်တွေတောင် တပ်ဆင်နိုင်ပါတယ်။ ဒါ့ပြင် ထူးခြားဆန်းပြားတဲ့ ဒီဇိုင်းပုံစံလေးတွေလည်း ရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်။

သန့်ရှင်းမှုက အရေးကြီးဆုံး

Source: www.usatoday.com

မျက်ကပ်မှန် တပ်ဆင်မယ့်သူတွေအတွက် အရေးကြီးဆုံးကတော့ သန့်ရှင်းမှုပါ။ သန့်သန့်ရှင်းရှင်း ထိတွေ့ကိုင်တွယ်ရမှာဖြစ်ပါတယ်။ လက်သည်းတွေကိုလည်း သန့်ရှင်းအောင်ထားရပါမယ်။ ဖြစ်နိုင်ရင် လက်သည်းရှည်မထားပါနဲ့။ မျက်ကပ်မှန်ကို ဖြုတ်ခါနီး တပ်ခါနီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။