တက်တူးကို အရူးအမူး ထိုးလိုကြသူတွေအတွက် တက်တူးအကြောင်းလေးတွေတော့ သိဖို့လိုပါတယ်။ တက်တူးကို အမြတ်တနိုးထိုးလိုတယ်ဆိုရင် တက်တူးအကြောင်းလေးသိအောင် ဖတ်ထားသင့်တယ်နော်။

တက်တူးဟာ သေရာပါ

Source: www.improb.com

လူတွေ စရင်းနောက်ရင်း ပြောကြသလိုပါပဲ။ သေရင်ကိုယ့်ဘက်ပါမှာ တက်တူးပဲရှိတယ်ဆိုတဲ့ စကားအတိုင်း တက်တူးဟာ သေရာပါအမှတ်အသားသဘောပုံစံပါ။ တက်တူးဟာ Permanent အဖြစ်ထိုးမယ်ဆိုရင် Second Layer ထဲထိ ထိုးသွင်းရတာဖြစ်တဲ့အတွက် သေရာပါဖြစ်ပါတယ်။

အသုံးပြုမယ့်အပ်တွေ

Source: www.blogs.discovermagazine.com

တက်တူးထိုးမယ်ဆိုရင် ကိုယ့်အရေပြားထဲ ထိုးသွင်းမယ့် အပ်တွေကို အထူးသတိထားရမှာပါ။ အသုံးပြတဲ့အပ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ မသန့်ဘူးဆိုရင် AIDS တို့ B ပိုးတို့ C ပိုးတို့ နဲ့ သွေးကနေ ကူးစက်တတ်တဲ့ အခြားရောဂါတွေ ဝင်ရောက်တတ်ပါတယ်။ ဒါ့ကြောင့် တစ်ခါသုံးအပ်တွေ ၊ အရည်အသွေးမြင့် ထိုးအပ်တွေကိုသာ အသုံးပြုစေချင်ပါတယ်။

တက်တူးအရည်အသွေးမကောင်းရင်

Source: www.improb.com

ကိုယ့်အရေပြားကိုထိုးမယ့် တက်တူးတွေကလည်း အရည်အသွေးကောင်းဖို့လိုအပ်ပါတယ်။ တက်တူးအရည်အသွေးမကောင်းတဲ့အခါမှာ အရေပြားပေါ်က ပုံတွေကမကြွဘဲ မှင်ရောင်တွေ ပျံ့ကုန်ပြီး ဘာပုံမှန်းမသိတဲ့ အမည်းရောင်အကွက်တွေပဲ ဖြစ်နေတတ်ပါတယ်။

တက်တူးဖျက်ချင်ရင်

Source: www.steemkr.com

အကြောင်းအမျိုးမျိုးကြောင့် တက်တူးတွေ ဖျက်ချင်ရင် လေဆာ နဲ့ Dermabrasion Treatment နဲ့ ပြန်ဖျက်လို့ရပါတယ်။ ဒါပေမယ့် အရမ်းနာကျင်ပြီး အကြိမ်ကြိမ်အခါခါ လခြားပြီး ဖျက်ရတာမျိုးပါ။ ပျက်သွားတဲ့အခါမှာလည်း လုံးဝပျက်သွားတာမျိုးမဟုတ်ဘဲ အမာရွတ်တော့ ကျန်ခဲ့နိုင်ပါတယ်။