ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့တဲ့ အဆိုတော်မလေးများစွာ ပေါ်ပေါက်ခဲ့ပါတယ်။ သီချင်းရဲ့ ကောင်းမွန်ခြင်း၊ အသံရဲ့ဆွဲငင်ခြင်း၊ ရုပ်ရည်ချောမောမှုရဲ့ ဆွဲဆောင်ခြင်းတွေကြောင့် အမျိုးသားထုကြီးရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရတဲ့ အမျိုးသမီးအဆိုတော် ခပ်မိုက်မိုက်တွေရှိပါတယ်။ သူတို့တွေထဲကမှ ၂၀၁၈ မှာအမျိုးသားတွေရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်စွမ်းအရှိဆုံး အမျိုးသမီးအဆိုတော်များအကြောင်းကို ပြောပြပေးချင်ပါတယ်။
Jackie Evancho
အသက်၁၈ နှစ်သာရှိသေးတဲ့ အမေရိကန်အဆိုတော်မလေး JackieEvancho ဟာ Classical နဲ့ Pop သီချင်းချိုချိုလေးတွေကြောင့် ပုရိသတို့ရဲ့အသည်းနှလုံးကို ဆွဲသိမ်းထားတဲ့ သူလေးတစ်ဦးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သူမရဲ့ပထမဆုံးအယ်လ်ဘမ်ဟာ Youtube မှာ လူစိတ်ဝင်စားမှုအများဆုံးရရှိခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ America’s Got Talent မှာပါဝင်ခဲ့ပြီး ကမ္ဘာနဲ့အဝှမ်း နာမည်ကျော်ကြားလူသိများလာခဲ့ပါတယ်။
Alessia Caracciolo
Source: foxnews.com
၁၉၉၆ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ကနေဒါသူလေး Alessia Caracciolo ဟာ၂၀၁၈ မှာကိုကိုတို့ရဲ့အသည်းနှလုံးကို သိမ်းပိုက်ထားတဲ့ အဆိုတော်မလေးတစ်ဦးဖြစ်ပါတယ်။ သူမဟာ သီချင်းအဆိုကောင်းရုံတင်မကပါဘူး။ သီချင်းများလည်းရေးသားပြီး တူရိယာမျိုးစုံကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သူလေးတစ်ဦးဖြစ်ပါတယ်။
Kesha
Source: Billboard
အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မှာ မွေးဖွားခဲ့တဲ့ အဆိုတော်မလေး Kesha ဟာ သီချင်းအဆိုကောင်းရုံအပြင် ဆွဲဆောင်မှုအပြည့်နဲ့ ပုရိသတို့ရင်ထဲမှာ နေရာယူထားသူလေးတစ်ဦးဖြစ်ပါတယ်။ သူမဟာ Rap သီချင်း တွေကို အများဆုံးသီဆိုခဲ့တဲ့ Rapper တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် အမိုက်စားသီချင်းတွေကိုရေးတဲ့ တေးရေးဆရာမ ၊ စတိုင်ကျတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။