မိုးရာသီမှာ မိုးဖွဲဖွဲလေးတွေကျ မလား၊ မိုးပေါက်ကြီးတွေနဲ့ သည်းကြီးမည်းကြီးပဲ ရွာချမလား။ ဘယ်လို မိုးပဲ လာလာ မိုးစိုမှာ လုံးဝစိတ်ပူစရာ မလိုတဲ့ အပြင် အမိုက်စား ဒီဇိုင်းတွေနဲ့ ကွီးတို့ စတိုင်ကျကျ သွားလာနိုင် ဖို့အတွက် နာမည်ကြီး Raincoat Brand တွေကို ဖော်ပြပေးချင်ပါတယ်။

Marmot

Source: switchbacktravel.com

Marmot ထုတ်ကုန်တွေဟာ ကမ္ဘာ့အဆင့်မှီ နာမည်ကျော် လူကြိုက်များတဲ့ ထုတ်ကုန်တွေပဲ ဖြစ်ပါတယ်။ အဆိုပါထုတ်ကုန်များထဲက Marmot တံဆိပ် Raincoat တွေဟာ မိုးရေကာနိုင်ပြီး ရေမ ပေါက်ဖို့ကိုလည်း အာမခံနိုင်ပါတယ်။ ကွာလတီက အဆင့်မြင့်မားပြီး အရောင်အဆင်းတွေကလည်း နှစ်သက် စရာ တွေချည်းပါပဲ။

Columbia

Source: amazon.co.uk

Columbia အမှတ်တံဆိပ် မိုးကာပဲဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားမှုက မိုးကာကို Sport Wear ဒီဇိုင်းနဲ့ ချုပ် လုပ်ထားတာ ဖြစ်တဲ့အတွက် ပေါ့ပါးပြီး လူငယ်ဆန်တဲ့ စတိုင်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဆင့်မြင့် ကွာလတီ နဲ့ အလန်းစား ဒီဇိုင်းတွေကို အမြန်ရွေးချယ်လိုက်ပါ။

The North Face

Source: Footshop

The North Face  Brand ဟာ ကမ္ဘာနှင့်တစ်ဝန်း လူကြိုက်များတဲ့ Brand တစ်ခုပဲ ဖြစ်ပါတယ်။ နာမည်ကျော်ကြားမှုနဲ့အတူ ရွေးချယ်ဝတ်ဆင်သူ စိတ်တိုင်းကျ အကောင်းဆုံး တုံ့ပြန်မှုကို ပေးနိုင်တဲ့ Brand တစ်ခု ဖြစ်ပါတယ်။

L.L Bean

Source: uk.businessinsider.com

L.L Bean ရဲ့ထူးခြားမှုကတော့ Super Lightweight ပဲဖြစ်ပါတယ်။ မိုးကာရဲ့ အလေးချိန်ကို လုံးဝမခံစားရစေပဲ သဘာဝအတိုင်းပေါ့ပါးမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ မိုးတွေဘယ်လောက်ရွာရွာ ၊ L.L Bean Brand မိုးကာကို ၀တ်ဆင်ပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာများကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။