အင်းဆက်ပိုးကောင်တွေနဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ ကြိုးစားကြည့်ကြရအောင်။ အံ့သြသွားပါသလား။ ဒီအကြောင်းအရာကတော့ ထူးဆန်းလွန်းလှပါတယ်။ တခါတလေမှာ ကိုယ်မသိနိုင်တဲ့ ထူးဆန်းအံ့သြဖွယ်ကိစ္စတွေ ရှိနေတတ်တယ်လေ။

ခန္ဓာကိုယ်ကြွက်သားတွေကို ပုံဖော်ပေးနိုင်တဲ့ အင်းဆက်ပိုးကောင်များ

Source: Bodybuilding.com

လယ်ကွက်တွေမှာ၊ မြေကျင်းတွေထဲမှာတွေ့ရတတ်တဲ့ အင်းဆက်ပိုးကောင်သေးသေးလေးတွေက ခန္ဓာကိုယ်ကြွက်သားတွေကို တည်ဆောက်ပေးနိုင်တယ်ဆိုတော့ တကယ့်ကိုအံ့သြဖွယ်ရာပါ။ တခြားပိုးကောင်တွေတော့ မဟုတ်ပါဘူး။ ပုရစ်၊ ဘောက်ဖတ်နဲ့ ပုရွက်ဆိတ်တို့ပဲဖြစ်ပါတယ်။

ဘယ်လိုပရိုတိန်းဓာတ်တွေနဲ့ညီမျှသလဲ

Source: patrasevents.gr

အင်းဆက်တွေမှာပါတဲ့ ဗီတာမင်နဲ့ပရိုတင်းဓတ်တွေဟာ အမဲသားနဲ့ကြက်သားမှာပါတဲ့ ဗီတာမင်ဓာတ်တွေနဲ့ ထပ်တူနီးပါးညီမျှနေတာကို တွေ့ရပါတယ်။ အမဲသား၊ ကြက်သားတွေကဲ့သို့ပဲ အင်းဆက်ပိုးကောင်တွေက ပရိုတင်းနဲ့ဗီတာမင်ဒြပ်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲ

Source: Colourbox

အင်းဆက်ပိုးကောင်တွေမှာ ခန္ဓာကိုယ်မှာမရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေပါဝင်ပါတယ်။ ခန္ဓာကိုယ်ရဲ့မလိုလားအပ်တဲ့ အဆီတွေကိုလည်း လျော့ချပေးပါတယ်။ ဒါ့အပြင် ဗီတာမင် B-6 ၊ B-12 နဲ့ B-5 တို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။