တေးဂီတဆိုတာဟာ လူတိုင်းနှစ်သက်ခံစားတတ်ကြတဲ့ ဖန်တီးမှုတစ်ခုပဲဖြစ်ပါတယ်။ အဆိုပါတေးဂီတတွေကို ဖန်တီးနိုင်ဖို့အတွက် တူရိယာတွေလိုအပ်ပါတယ်။ တူရိယာတွေအများကြီးထဲကမှ လူကြီး၊ လူငယ်မရွေးနှစ်သက်ကြပြီး ရှာဖွေဝယ်ယူရတာလည်း လွယ်ကူတဲ့တူရိယာကတော့ ဂီတာပဲဖြစ်ပါတယ်။

ဂီတာကို ဘယ်လိုလူတွေ နှစ်သက်တတ်ကြသလဲ။

Source: Shutterstock

အမျိုးသားများသာမက ယနေ့ခေတ်မှာ အမျိုးသမီးများပါ ဂီတာကို စိတ်ဝင်စားနှစ်သက်လာကြပြီပဲဖြစ်ပါတယ်။ လူကြီးများကလည်း အပန်းဖြေအနားယူချိန်မှာ ဂီတာလေးတီးခတ်ပြီး အချိန်ဖြုန်းတတ်ကြသလို လူငယ်လေးများကလည်းဂီတာကို ကျွမ်းကျင်စွာတီးခတ်တတ်အောင် အချိန်တိုင်းစိတ်ဝင်တစား လေ့ကျင့်နေတတ်ကြပါတယ်။

ဂီတာဆိုတာဘယ်လိုတူရိယာမျိုးလဲ။

Source: Shutterstock

ဂီတာဆိုတာ အခြေခံအားဖြင့် ကြိုး ၆ ကြိုးတပ်ဆင်ထားတဲ့ တူရိယာပဲဖြစ်ပါတယ်။ လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီး တီးလုံးတီးကွက်များကို တီးခတ်ရတာဖြစ်ပါတယ်။

ဂီတာဟာ ဘယ်ကစလဲ။

Source: Pinterest

ကြိုးတပ်တူရိယာ Chordophones အဖြစ် ၉ ရာစုခန့်မှာ စတင်တွင်ကျယ်လာခဲ့ပြီး ဥရောပမှာ ၁၂ ရာစုခန့်က စတင်ဖွံ့ဖြိုးလာခဲ့ပါတယ်။ နောက်ပိုင်းမှာ Chordophones ကြိုးတပ်တူရိယာအဖြစ်မှ ဂီတာအဖြစ်သို့ ဆန်းသစ်တီထွင်လာခဲ့ပြီး ကမ္ဘာနဲ့အဝှမ်း လူကြိုက်များတဲ့ တူရိယာတစ်မျိုး ဖြစ်လာခဲ့ပါတယ်။

ဂီတာဆိုတဲ့ အခေါ်အဝေါ်

Source: Musiker-Board

ဂီတာဆိုတဲ့ဝေါဟာရဟာ စပိန်ဘာသာစကား Guitarra ကနေအစပြုခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ် အခေါ်အဝေါ် Guitar ဂျာမန်ဘာသာဖြင့် Gitarre ၊ ပြင်သစ်ဘာသာဖြင့် Guitare ဟူ၍ အနည်းငယ်ကွဲပြား ခေါ်ဝေါ်ကြပါတယ်။