မက်ဆီဆိုတာ ဘောလုံးလောကရဲ့ မှော်ပညာရှင်တစ်ယောက်လို့ ဆိုမယ်ဆိုရင်မမှားနိုင်ပါဘူး။ ပါရမီဆန်လှတဲ့ ဘောလုံးပညာတွေ၊ နိုင်လိုစိတ်ပြင်းထန်မှုတွေဟာ မက်ဆီကို ယနေ့ဒီအချိန်မှာ ကျော်ကြားစေဖို့အတွက် အဓိကအကြောင်းအရင်းတွေပါပဲ။ ဘာစီလိုနာအသင်းရဲ့ ငယ်မွေးခြံပေါက် မက်ဆီရဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source: www.samaa.tv

(၁)  သူဟာ ငယ်ရွယ်စဉ်က ကြီးထွားဟော်မုန်းချို့တဲ့မှုကြောင့် ခန္ဓာကိုယ်ဖွံဖြိုးမှုနွေးကွေးခဲ့ပါတယ်။ အသက် (၁၃) နှစ်ဘာစီလိုနာကိုရောက်ချိန်မှသာ အသင်းရဲ့ ကူညီမှုဖြင့် ဟော်မုန်းဆေးမှီဝဲကာ သာမန်ခန္ဓာကိုယ်မျိုးရရှိခဲ့တာဖြစ်ပါတယ်။

(၂) သူဟာ ဘာစီလိုနာအသင်းအတွက် (၂၀၀၃) နိုဝင်ဘာ (၁၃) ရက်နေ့မှ စတင်ပြီးကစားခဲ့တာဖြစ်ပါတယ်။

(၃) သူဟာ ဥရောပအကောင်းဆုံးဆုတွေကိုလေးကြိမ်တိုင်တိုင်ရရှိခဲ့ဖူးပါတယ်။ 2009-10, 2011-12, 2012-13 နဲ့ 2016-17 အစရှိတဲ့ နှစ်တွေမှာပါ။

(၄) သူဟာ Leo Messi Foundation ကိုလည်းတည်ထောင်ထားပါသေးတယ်။ ကမ္ဘာ့တစ်ဝန်းကကလေးငယ်တွေရဲ့ ကျန်မားရေးနဲ့ အခြားသောပြဿနာတွေမှာ အကောင်းဆုံးဖြေရှင်းပေးနေတာလည်းဖြစ်ပါတယ်။

Source: www.samaa.tv

(၅) သူဟာ (၂၀၁၄) ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။

(၆) သူဟာ ကုလသမ္မဂအဖွဲ့ကြီးရဲ့ အထူးကိုယ်စားလှယ်အဖြစ်လည်း ခန့်အပ်တာဝန်ပေးခြင်းခံထားပါတယ်။

Source: www.samaa.tv

(၇) သူဟာလစာအများဆုံးရရှိတဲ့ကစားသမားစာရင်းများတွင်လည်း ပါဝင်ပါတယ်။

ဘောလုံးသမိုင်းကို လှုပ်ခက်စေခဲ့ပြီး၊ သွင်းဂိုးတွေနဲ့ အားလုံးကို ဖျော်ဖြေနိုင်ခဲ့သူ Messi ရဲ့ စိတ်ဝင်စားဖွယ်အချက်လေးတွေကိုသိရှိရလို့ အားလုံးပျော်နိုင်ကြမယ်ထင်ပါတယ်။