မြှားတက်တူးလေးတွေက ထူးဆန်းပြီးလှပသလို အနုပညာလည်း အရမ်းမြောက်ပါတယ်။ ဒီလို တက်တူးအနုပညာကို ဂုဏ်ယူပြီး ထိုးထွင်းတတ်ကြတဲ့ တက်တူးချစ်ပရိသတ်တွေအတွက် အနုပညာမြောက်ပြီး သေသပ်လှပတဲ့ မြှားပုံတက်တူးလေးတွေအကြောင်းကို ဆက်ပြီးပြောပြပေးချင်ပါတယ်။

သံလိုက်အိမ်မြှောင်မြှားပုံ တက်တူး

Source: i.pinimg.com

ဒီတက်တူးကတော့ မြှားတက်တူးဆိုပေမယ့် အချစ်ကိုလည်းကိုယ်စားပြုနေပါတယ်။ ဦးတည်ရာတစ်ခုဆီကို ရောက်အောင်သွားတဲ့ အကြောင်းပြချက် ဒါမှမဟုတ် တစ်ဦးတစ်ယောက်ရဲ့ ဘဝထဲကို ဝင်ရောက်တော့မယ့် အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ ဆွဲငင်အားကိုလည်း ကိုယ်စားပြုနေပါသေးတယ်။

ကြက်ခြေခတ် မြှားပုံတက်တူး

Source: Ink Vivo

ဒီတက်တူးပုံစံကလည်း အထက်ကတက်တူးပုံစံအတိုင်းပါပဲ။ အချစ်ကို ကိုယ်စားပြုတဲ့ တက်တူးအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် သူ့အချစ်ကတော့ သမီးရည်းစားချစ်ခြင်းမေတ္တာထက် သူငယ်ချင်းတွေရဲ့ ဖြူစင်သန့်ရှင်းရိုးသားလှတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ တက်တူးပုံစံပဲဖြစ်ပါတယ်။ ချစ်ကြည်ရင်းနှီးမှုလို့လည်း အဓိပ္ပါယ်ရပါတယ်။

ဖူးစာရေးနတ်မြှားပုံ တက်တူး

Source: tattoo-collections.com

ဒီတက်တူးကလည်း မြန်မာနိုင်ငံမှာ အထိုးများကြတဲ့ တက်တူးပုံစံတွေထဲက တစ်ခုဖြစ်ပါတယ်။ နှလုံးသားကို ဖြတ်ပြေးသွားတဲ့ မြှားတံပုံစံတက်တူးပဲဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာ ဒါမှမဟုတ် ချစ်ခြင်းဇာတ်လမ်းတစ်ပုဒ်ချင်းစီကို ရည်ညွှန်းပါတယ်။ တစ်ဦးရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့လည်း အဓိပ္ပါယ်ရပါတယ်။

စိန်မြှားပုံ တက်တူး

Source: askideas.com

ဟိုးအရင်ကတည်းက စိန်ဆိုတာ တန်ဖိုးအကြီးဆုံး အပြင်းထန်ဆုံး နဲ့ လူကြိုက်အများဆုံး ရတနာတစ်ခုအဖြစ် လူသိများကြပါတယ်။ ဒီလို အစွမ်းသတ္တိတွေရှိတဲ စိန် နဲ့ လက်နက်တစ်ခုဖြစ်တဲ့ မြှားတို့ ယှဉ်တွဲထားတဲ့ တက်တူးပုံစံ ဒီဇိုင်းပါ။ ဒီတက်တူးဟာ ဘယ်လို အခက်အခဲတွေပဲ ကြုံလာ ကြုံလာ ရှေ့ဆက်မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်သူလာဖျက်ဖျက် မပျက်ဘူးဆိုတဲ့ ခိုင်မာမှုတွေကို ဖော်ညွှန်းပါတယ်။