ဂရပ်ဖစ်တီလို့ ခေါ်တဲ့  အနုပညာတစ်ခုဟာ တချို့လူငယ်တွေကြားထဲမှာ ရူးသွပ်မှုတစ်ခုအနေနဲ့ နှလုံးသားထဲ စိမ့်ဝင်နေတဲ့ ရောဂါတစ်ခုပါပဲ။ အဲဒီလူငယ်တွေဟာ Graffiti အနုပညာကို ယုံကြည်ရာ မြတ်နိုးရာ ချစ်ခင်စွဲလမ်းရာအဖြစ်နဲ့ အချိန်တွေကို မြှုပ်နှံထားတတ်ကြပါတယ်။ ဒီလို ဂရပ်ဖစ်တီ အနုပညာအပေါ် စွဲလန်းရူးသွပ်ကြတဲ့ လူငယ်တွေအတွက် Graffiti နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတချို့ကို လက်တို့ပေးချင်ပါတယ်။

Source: philadelphiaencyclopedia.org

ဂရပ်ဖစ်တီ အနုပညာကို 1960 နှောင်းပိုင်းတုန်းက  ဖယ်လယ်ဒဲဖီးယားမြို့ (Philadelphia) မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Source : Widewalls

ဂရပ်ဖစ်တီ အနုပညာအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ Style Wars ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်စီးရီးကိုတော့ 1983 ခုနှစ်မှာ စတင်ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒါရိုက်တာ Tony Silver ရဲ့ ဖန်တီးပုံဖော်မှုတစ်ခုပါ။ ဒီစီးရီးထဲမှာတော့ ဂရပ်ဖစ်တီ အကြောင်းသာမကပဲ Bboying နဲ့ Rapping အကြောင်းတွေပါ ရိုက်ကူးထားတာဖြစ်ပါတယ်။

Source: WideWalls

ဂရပ်ဖစ်တီအနုပညာနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံး လူသိများခဲ့တဲ့ အနုပညာရှင်ကတော့ Cornbread ပဲဖြစ်ပါတယ်။ သူ့ရဲ့ နာမည်အရင်းကတော့ Darryl McCray ပဲဖြစ်ပါတယ်။ ဒါပေမယ့် သူက ဂရပ်ဖစ်တီရေးဆွဲတဲ့အခါမှာတော့ Cornbread လို့ပဲ ရေးဖြစ်တတ်တဲ့အတွက် သူ့ကို Cornbread အဖြစ်ပဲ လူသိများခဲ့တာပါ။

Source: brozilla.org

ပထမဆုံး ဂရပ်ဖစ်တီအနုပညာရှင်တွေလုပ်တတ်ကြတာကတော့ သူတို့ရဲ့ နာမည် ဒါမှမဟုတ် စကားလုံးတွေကို ရေးခြစ်ပြီး ကြယ်လေးတွေ ဒါမှမဟုတ် သရဖူလေးတွေနဲ့ စကားလုံးတွေကို အလှဆင်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လေးစားအားကျရသူ နိုင်ငံရေးသမား စတဲ့ နာမည်တွေနဲ့အတူ ရုပ်ပုံတွေကို ရေးခြစ်လာကြပါတယ်။

Source: barcelonaeventorganisation.com

ဂရပ်ဖစ်တီ အနုပညာဟာ Hip Hop တေးဂီတနဲ့ ယှဉ်တွဲ ထွက်ပေါ်လာခဲ့တဲ့ ဖွားဖက်တော်ပါ။ ဂရပ်ဖစ်တီဟာ ဟစ်ဟော့ မြူးဇစ်နဲ့ လုံးဝခွဲခြားမရပါဘူး။ သူတို့ဟာ အတူယှဉ်တွဲနေတဲ့ အနုပညာဖြစ်ပြီး လူတိုင်းကလည်း ဒါကို အတိအကျ လက်ခံကြပါတယ်။