အဆိုတော် အိုင်းရင်းဇင်မာမြင့် ရဲ့ MAR အမည်ရ တေးသီချင်း အယ်ဘမ်ကို ပရိသတ်လက်ထဲ ရောက်အောင် ပေးပို့နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီတေးအယ်ဘမ်ဟာ အဆိုတော် အိုင်းရင်းဇင်မာမြင့် ရဲ့ စတုတ္ထမြောက်တေးအယ်ဘမ်လည်း ဖြစ်ပါတယ်။

Source: Irene Zin Mar Myint Facebook

သြဂုတ်လ ၂၉ရက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ တပြည်လုံးကို ဖြန့်ချီမှာ ဖြစ်ပါတယ်။ တေးရေးတွေအနေနဲ့ကတော့ ရွှေဂျော်ဂျော် ၊ စောဆူဆဲလ် ၊ ဇွိုင်းယ် ၊ Dယံ ၊ Leo Bo Bo နဲ့  အောင်မြင့်မြတ်တို့က ပုံဖော်ရေးသားပေးထားပါတယ်။

Source: Irene Zin Mar Myint Facebook

လေးခွေမြောက်ဖြစ်တဲ့ ဒီ MAR အမည်ရ တေးသီချင်းခွေလေးဟာ မွေးနေ့အမှတ်တရအနေနဲ့ ထုတ်တဲ့ တေးသီချင်းခွေလေးဖြစ်တာကြောင့် ဒီသီချင်းလေးတွေကို နားထောင်ပေးမယ်ဆိုရင် သူ့ကို မွေးနေ့လက်ဆောင် ပေးလိုက်သလိုပါပဲလို့ တေးသံရှင် အိုင်းရင်းဇင်မာမြင့် က ဆိုပါတယ်။

Source: Irene Zin Mar Myint Facebook