ကမ္ဘာတစ်ဝန်းက ပရိသတ်တွေကို အနုပညာတွေနဲ့သာမက ဖက်ရှင်စတိုင်တွေနဲ့ပါ ဖမ်းစားထားနိုင် တဲ့ ဆယ်လီတစ်ဦး ကတော့ Pete Davidson ဖြစ်ပါတယ်။ ယခု လတ်တလောမှာလည်း Davidson ရဲ့ အကြိုက်နဲ့ ရွေးချယ်ဝတ်ဆင်ထားတဲ့ ဖက်ရှင်တွေက ပရိသတ်တွေကြားမှာ ရေပန်းစားနေ ခဲ့ပါတယ်။

Source: Lesbos

အင်စတာဂရမ်မှာ လန်းဆန်းတက်ကြွနေတဲ့ Davidson ရဲ့ ပုံရိပ်တွေက ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ သူ့ရဲ့ ပရိသတ်ကြီးရှေ့မှောက်ကို လျင်မြန်စွာ ရောက်ရှိနေပါတယ်။ လွတ်လပ်ပေါ့ပါးပြီး အမိုက်စား ဒီဇိုင်းတွေ နဲ့ Davidson ရဲ့ ဖက်ရှင်အကြောင်းကိုလည်း ပရိသတ်ကြီးကလည်း စိတ်ဝင်စားနေကြပါတယ်။

Source: vimeo.com

Champion Sweet Shirt

 Source: pinterest.es

စတိုင်ကျခန့်ညားပြီး လူငယ်ဆန်သော ဆန်းသစ်မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ချည်သား စစ်စစ်ဖြင့် ချုပ်လုပ်ထားပြီး ပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုတွေကိုလည်း အထူးပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

 

Supreme Shoulder Bag

Source : StockX

လွယ်အိတ်အနေနဲ့ကတော့ Davidson က Supreme Brand ကိုရွေးချယ်ထားပါတယ်။ နူးညံ့ပြီး ချုပ်ရိုးချုပ်သားကလည်း အပြစ်ပြောစရာကို မရှိအောင် အထက်တန်းကျလွန်း လှပါတယ်။ Supreme Shoder Bag နဲ့ Davidson တစ်ယောက်ကတော့ စတိုင်တွေ မိုက်နေပါတယ်။

Nike Air Force 1 Mid ‘ 07 Shoe

Source : Nike

စတိုင်ကျခန့်ညားဖို့အတွက် Davidson ရွေးချယ်ထားတဲ့ Shoe Brand ကတော့ Nike ပဲဖြစ်ပါတယ်။ အဖြူရောင် Air Force 1 ‘ 07 Shoe လေးနဲ့  Davidson ရဲ့ စတိုင်တွေက အရမ်းကို ခန့်ညားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။