ဒီ၂၀၁၈ မှာ Music လောကရဲ့ပြောင်းလဲမှုတစ်ခုဟာ Decades တစ်ခုကြာကြာ အမေ့အလျှော့ခံထားရတဲ့ Format တစ်ခုဟာပြန်ပြီး Mainstream ဖြစ်လာတယ်လို့ပဲပြောရမှာပဲ။ အဲ့အရာဟာ Trend အနေနဲ့ ခေတ်မရှိတော့ပဲ ပျောက်ကွယ်သွားပြီးလို့ ယူဆထားကြတာကနေ အခုအခါမှာတော့ လူအများဟာပြန်လက်ခံလာကြတာတယ်ဆိုတာ ထင်ရှားလာပါတယ်။

Source: Shutterstock

အဲ့ဒီအရာဟာ ဘာလဲဆိုတော့ Classic ဖြစ်တဲ့ Vinyl လို့ခေါ်တဲ့ Phonograph Records သီချင်းဓာတ်ပြားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ သိပ်ခေတ်မရှိလိုက်ဖူးထင်ပါတယ်။ သို့ပေမယ့် တစ်ခြားနိုင်ငံတွေက ကမ္ဘာအဝှမ်းနာမည်ကြီးအဆိုတွေဆို သူတို့ Album ရင်ဒီလို Vinyl တွေပါတွဲထုပ်လေ့ရှိပါတယ်။

Source: Shutterstock

ခုလတ်တလော Internationally ခေတ်စားနေတဲ့ Upcoming Artists အဆိုတော်တွေရဲ့ Phonograph Records အပြင် တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ Bob Marley တို့ The Beatles တို့ရဲ့ Vinyl Album ရောင်းအားတွေဟာ ဒီ ၂၀၁၈ မှာသိသိသာသာမြင့်လာတာကို တွေ့ရပါတယ်။ မနှစ်ကထွက်ပြီး Hit ဖြစ်ခဲ့တဲ့ Ed Sheeran’s ရဲ့ Divide Album တို့ Musical Play အဖြစ်နာမည်ကြီးခဲ့တဲ့ ‘La La Land’ OST တွေရဲ့Vinyl Version Album တွေကို လူတွေကဝယ်ယူအားပေးကြတာကို Chart မှာကြည့်နိုင်ပါတယ်။

Source: Shutterstock

၂၀၁၂ ကနေ ၂၀၁၇ အတွင်း Vinyl Record Stores ဓာတ်ပြားတွေရောင်းတဲ့ ဆိုင်တွေဟာလည်း ၄၀၀ ရာနီးပါးလောက်များပြားလာတာကို တွေ့ရပါတယ်လို့လည်း Pitchfork Music News မှာ အတိအကျဖော်ပြထားပါတယ်။

Source: Shutterstock

သတင်းကောင်းတစ်ခုပဲပြောရမှပါ ဒီလို Phonograph Records တွေပြန်ပြီး Mainstream ဖြစ်လာတော့ ကျွန်တော်တို့ အာရှနိုင်ငံတွေကိုလည်း ကူးဆက်လာနိုင်ပါတယ် အရင်တုန်းက Vinyl ရဲ့အနှစ်အရသာကို မကြုံဘူးသေးတဲ့သူတွေ ပြန်လည်ခံစားနိုင်မယ်လို့မျှော်လင့်ပါတယ်။