အဖြူရောင်ရှိတဲ့ ခြေစွပ်တွေဟာ အားကစားလုပ်တဲ့အခါမှာပဲ အသုံးဝင်တာဆိုတဲ့အဆိုကို ပြန်ငြင်းဖို့ အချိန်တန်ပါပြီ။ ဘာလို့လဲဆိုတော့ ဒီထက်အသုံးဝင်နိုင်တဲ့အခါမျိုးတွေ ရှိလို့ပါပဲ။ အရောင်နိယာမအရဆို အဖြူနဲ့ အနက်ဟာ ဘယ်အရောင်နဲ့တွဲတွဲ အပ်စပ်မှုအရှိဆုံးအရောင်တွေထဲမှာပါလို့ပါပဲ။ သို့ပေမဲ့ အနည်ထိုင်ခဲ့တဲ့ ယူဆချက်အရ စတိုင်ကျတဲ့ အမျိုးသားတိုင်းဟာ Style Pants နဲ့ အရောင်တူတဲ့ ခြေစွပ်ကိုရွေးဝတ်ကြတယ်ဆိုတာပါပဲ။ ဒီအဆိုကို ကမ္ဘာမြေကြီးဆွဲငင်အားရှိတယ် ဆိုတဲ့နိယာမအတိုင်း ပုံသေရိုက်သွင်းခံထားရသလိုပဲ ဆန့်ကျင်ဖို့ ကွဲထွက်စွာစမ်းဝတ်ကြည့်ဖို့ စိတ်ကူးမရှိကြပါဘူး။
Source: sockdrawer.com
ခြေစွပ်ကို ဒီဇိုင်း ကလာ ဘာညာ အနေအထား အစုံစမ်းဝတ်ကြသော်လည်း တခါတလေ ကာလာစုံတွေနဲ့ မလိုက်လို့ မဝတ်ချင်တော့တဲ့အခါမျိုးမှာ အဖြူကိုစမ်းဝတ်ကြည့်ပါ။ သို့ပေမဲ့ နည်းစနစ်ကျကျတော့ ဝတ်တတ်ဖို့လိုပါတယ်။ Cuffed Trousers တို့ Chunky Loafer နဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။
Source: sockdrawer.com
လွန်ခဲ့တဲ့ 50s 60s လောက်တုန်းကတော့ ဒီလိုဝတ်ဆင်တာဟာ ဒီ ၂၁ရာစုမှာ Sneakers ၊ Ripped Jeans ၊ Hoodie တို့ဝတ်သလို ထသွားထလာပေါ့ပေါ့ပါးပါးအနေနဲ့ ဝတ်ကြတာပါ။ ကိုရီးယားကားတို့ ဂျပန်ကားနဲ့ ထိုင်းကျောင်းသားကားအချို့မှာလည်း ခြေအိတ်အဖြူကို ကျောင်းဝတ်စုံအနေနဲ့ မပါမဖြစ်တွဲဖက်ဝတ်ဆင်တယ်ဆိုတာတွေ့ရမှာပါ။ 70s 80s လောက်ထိလည်း ခြေအိတ်အဖြူနဲ့တွဲဖက်ဝတ်ဆင်ခြင်းဟာ ခေတ်စားတုန်းပါပဲ။
Source: sockdrawer.com
အဲ့ဒီအချိန်ကာလကစပြီး ဒီနေ့အထိ ခြေအိတ်အဖြူရဲ့တန်ဖိုးဟာ ကျသွားတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဖက်ရှင်လောကမှာ အပြီးသတ် ပျောက်ဆုံးသွားတဲ့ ဖက်ရှင်ဆိုတာမရှိပါဘူး။ တဖန်ပြန်လည်ခေတ်စားစမြဲပါ။ အခု ၂၀၁၉ မှာလည်း ခြေအိတ်အဖြူဝတ်ဆင်တာဟာ ပြန်လည်ခေတ်ထလာပါပြီ။ သင်လည်း ခေတ်မီအောင်လိုက်ပြီး ဝတ်ကြည့်သင့်ပါတယ်။