သိပ်မကြာသေးခင်ကာလက ဂျပန်လူမျိုး ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေဟာ အခြေခံအားဖြင့် အုပ်စုပုံစံ-၂မျိုးနဲ့ ခရီးသွားလာခဲ့ကြပါတယ်။ ပထမအုပ်စုကတော့ ပင်လယ်ရပ်ခြားခရီးသွားအုပ်စုဖြစ်ပြီး ဒုတိယအုပ်စုကတော့ ပြည်တွင်းခရီးတွေပဲ သွားတဲ့အုပ်စုပါ။ တကယ်လို့ Hideo Sawada လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးသာမရှိခဲ့လျှင် ဂျပန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ဖို့ ခက်ခဲနေမှာပါ။

Source: theworldfolio.com

Sawada ဟာ ကိုယ်ပိုင်ခရီးသွားလုပ်ငန်း တည်ထောင်ဖို့အတွက် သူကိုယ်တိုင်ကမ္ဘာလှည့်ခရီးသည်အဖြစ်နဲ့ ခရီးတွေလှည့်လည်သွားလာခဲ့ပါတယ်။ သူဟာရှေးရိုးစွဲစီးပွားရေးမူတွေကို ချိုးဖျက်ခဲ့ပြီး ခရီးသွားတွေရဲ့အမြင်တွေကိုလဲ လက်တွေ့ဆန်းစစ်ခဲ့ပါတယ်။

Source: Chattanooga Times Free Press

Sawada ဟာ ဂျပန်နိုင်ငံမှာ ကျောင်းသားအရေးအခင်းတွေနဲ့ နိုင်ငံရေးဆိုင်ရာ ရှုပ်ထွေးနေချိန် ၁၉၆၉ မှာအထက်တန်းအောင်ခဲ့ပါတယ်။ ကျောင်းပြီးပြီးချင်း ဘယ်တက္ကသိုလ်မှ မတက်သေးပဲ ရရာအလုပ်လုပ်ပြီး သူ့ရဲ့ဝါသနာကို ဆန်းစစ်နေခဲ့ပါတယ်။

Source: KUTV

နောက်ဆုံးမှာတော့ Sawada ဟာ အနောက်ဂျာမနီမှာရှိတဲ့ Johannes Gutenberg University မှာ တက္ကသိုလ်ပညာကို သင်ယူခဲ့ပြီး တက္ကသိုလ်တက်နေချိန် လေးနှစ်အတွင်းမှာ နိုင်ငံပေါင်း-၅၀ ထက်မနည်း လှည့်လည်သွားရောက်ခဲ့ပါတယ်။ ရောက်တဲ့နိုင်ငံမှာ ဟိုတယ်ပိုင်ရှင်တွေ၊ စားသောက်ဆိုင်မန်နေဂျာတွေနဲ့ ချိတ်ဆက်ပြီး ခရီးသွားဧည့်သည်တွေကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဧည့်သည်တစ်ယောက်ကို ၁၀% နဲ့ ၀န်ဆောင်ခပြန်ရပါတယ်။

ဒီလိုနဲ့ Sawadaဟာ ယခုအချိန်မှာဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ခဲ့ပြီး အကြီးဆုံးခရီးသွားအေဂျင်စီကြီးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်နေပါပြီ။