Jazz Music ကို ဖန်ဆင်းတဲ့လှပတဲ့ ချစ်စဖွယ်နတ်သမီးလေးများအကြောင်းကို ပြောပြချင်ပါတယ်။ သီချင်းကလည်း ငြိမ့်ညောင်း၊ သီဆိုသူကလည်း နွဲ့နှောင်းလှပတဲ့နတ်သမီးလေးများအလား ထင်မှတ်ရလောက်တဲ့ Jazz ပဲဖြစ်ပါတယ်။

Jessy J

Source: All About Jazz

Jessy J ရဲ့အမည်အပြည့်အစုံက Jessica Arellano ဖြစ်ပြီး Mexican – American ဖွား တစ်ဦးဖြစ်ပါတယ်။ အသက် ၃၅နှစ်ခန့်ရှိပြီဖြစ်သော်လည်း သူမရဲ့အနုပညာနဲ့ အလှအပတွေက ကမ္ဘာတ၀ှမ်းက အမျိုးသားပရိသတ်ရော၊ အမျိုးသမီးပရိသတ်တွေကိုပါ ဖမ်းစားနေဆဲ ဖြစ်ပါတယ်။ Saxophone နဲ့ Piano ကို ကျွမ်းကျင်စွာ တီးခတ်နိုင်ပါတယ်။

Jessy J ရဲ့ထင်ရှားတဲ့ Jazz Music

Jess J ရဲ့ Jazz Music တွေအများကြီးထဲကမှ ထင်ရှားတဲ့သီချင်းတွေကို ပြောပြပေးချင်ပါတယ်။

Remember The Night

Source : Amazing Smooth and Jazz

၂၀၁၁ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Hot Sauce Album ထဲမှာပါဝင်ပြီးလူကြိုက်များခဲ့တဲ့ Jazz သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Topical Rain

Source: Amazing Smooth and Jazz

၂၀၀၉ခုနှစ်မှာထုတ်ဝေခဲ့တဲ့ True Love တေးစီးရီးထဲမှာပါဝင်ပြီး နာမည်ကျော်ကြားခဲ့တဲ့ jazz သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Jazzmeia Horn

Source: Da Camera

၁၉၉၁ခုနှစ်မှာမွေးဖွားခဲ့တဲ့ Jazzmeia Horn ဟာ အာဖရိကန်နွယ်ဖွား မိန်းမချောလေးတစ်ဦးဖြစ်ပါတယ်။ အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် တေးရေးဆရာမတစ်ဦးလည်းဖြစ်ပါတယ်။

Jazzmeia Hornရဲ့ လူကြိုက်များရေပန်းစားခဲ့တဲ့ Jazz သီချင်းများ

Tight

Source: NoMad Neighborhood

Tight ဆိုတဲ့ Jazz သီချင်းလေးကို ပြောပြပေးချင်ပါတယ်။ ၂၀၁၇ခုနှစ်က ထုတ်လုပ်ဖြန့်ချီခဲ့တဲ့ A Social Call ဆိုတဲ့ Album ထဲမှာပါဝင်တဲ့ ချစ်စရာသီချင်းလေးဖြစ်ပါတယ်။

I Remember You

Source : Peninsula Daily News

နောက်ထပ်သီချင်းလေးတစ်ပုဒ်ကတော့ A Social Call Album ထဲကပဲဖြစ်ပါတယ်။ I Remember You လို့ အမည်ရတဲ့သီချင်းလေးဖြစ်ပါတယ်။