Western မှာပဲနာမည်ကြီးခဲ့တာမဟုတ်ပဲ အရှေ့တောင်အာရှမှာပါပရိသတ်တွေရင်ထဲစွဲခဲ့တဲ့ 70s 80s အဆိုတော်တွေဖြစ်တဲ့ The Beatles, Queen, Wham တို့ Bay City Roller တို့လိုပဲ ယနေ့ခေတ် British Artists တစ်ချို့ကလည်း သူတို့နိုင်ငံမှာပဲမဟုတ်ပဲ အခြားနိုင်ငံတွေကိုခြေဆန့်ဖို့ကြိုးစားနေပါတယ်။ အဲ့ဒီထဲမှာမှ လူသိများတဲ့ Jessie J တစ်ယောက်လည်းအပါအဝင်ပါပဲ။ လူသိများတာနဲ့ Career ချဲ့ထွင်တာနဲ့အနည်းငယ်တော့ကွာပါတယ်။ ဘာလို့လဲဆိုတော့ လူသိများရုံနဲ့ အသက်မမွေးနိုင်ဘူးလေ။

Source: metro.co.uk
လတ်တလောသိရှိရတဲ့ သတင်းတွေအရ အခု ၂၀၁၈ China မှာလုပ်တဲ့ X Factor Reality TV Singing Competition မှာ Contestant အနေနဲ့ဝင်ပြိုင်နေတာကိုတွေ့ရပါတယ်။ Jessie ဟာ နာမည်မရခင်ကတည်းက Songwriter အနေနဲ့အသက်မွေးခဲ့သူတစ်ဦးပါ။ The Voice စပေါ်ခါစ Season ၂ခုဆက်တိုက်လောက်လည်း သူမက Judge အနေနဲ့လုပ်ဖူးသူလည်းဖြစ်ပါတယ်။ ၂၀၁၀ -၂၀၁၁ လောက်က Like a Dude, Price Tag, Domino စတဲ့ Hits တွေနဲ့ စပြီးနာမည်ကြီးခဲ့တာလို့ပြောရရင်လည်းမမှားပါဘူး။
၂၀၁၇ က Women’s Health အင်တာဗျူးမှာသူမပြောကြားခဲ့တာကတော့ UK မှာနောက်အသစ်သစ်ထွက်လာတဲ့ အဆိုတော်တွေနဲ့ဆိုတော့ နေရာရဖို့ဆိုတာ သူမအတွက်ခက်ခဲလာပါတယ်တဲ့ ဘယ်လောက်ပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၂၀၁၄ လောက် Bang Bang သီချင်းထွက်ပြီး Top 5 နေရာမှာရပ်တည်ခဲ့ ရပ်တည်ခဲ့ အောင်မြင်မှုဆိုတာ မမြဲပါဘူး။
Source: Female First
သူမဒီအနုပညာလောကမှာ ဆက်လက်လျှောက်လှမ်းဖို့ အခွင့်အလမ်းတွေလိုလာပါတယ်တဲ့။ ဒီအကြောင်းအရင်းကြောင့်ပဲ သူမအတွက် China မှာအထိဝင်ဆံ့ဖို့ ခွန်အားတွေဖြစ်လာတာလို့ပဲထင်ပါတယ်။ ပြိုင်ပွဲမှာလည်းသူမဟာ အနုပညာအတွက်ဆို သူဘာအခက်အခဲမဆို ဖြတ်ကျော်နိုင်ပါတယ်လို့လဲ ပြောခဲ့ပါတယ်။
ဒီလိုဝင်ရောက်ယှဉ်ပြိုင်ရခြင်းဟာ သူမအတွက်လည်းအတွေ့အကြုံအသစ် တစ်ခုကိုရစေမှာပါလို့လည်း ပြောကြားခဲ့ပါသေးတယ်။ First Round မှာအနိုင်ရခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ ၁.၄ ဘီလီယံလောက်ကသူမကို တခဲနက်အားပေးတာကိုလည်းတွေ့ရပါတယ်။ သူမဟာ ဗြိတိသျှအဆိုတော်တွေထဲမှာမှ China မှာပါအောင်မြင်လာမယ့်အခြေအနေရှိပါတယ်။