All of Me သီချင်းအဆိုရှင် John Legend ဟာ အခုအချိန်မှာဆိုရင် ကလေးတစ်ယောက်အဖေဖြစ်သွားပြီပဖြစ်ပါတယ်။ အခုလိုမျိုး ကလေးအဖေဖြစ်တာကိုလည်း John Legend တစ်ယောက် အပျော်ကြီးပျော်နေပုံပါပဲ။

Source: people.com

အခု John Legend ကနေ သူ့ရဲ့ Instagram Account မှာ သူနဲ့ သူ့ရဲ့ ရင်သွေဒဖြေစ်တဲ့ သားငယ် Miles ရဲ့ ဓါတ်ပုံကို တင်ထားပြီးတော့ John Legend ငယ်ငယ်တုန်းက ရုပ်ရဲ့ အခုသားငယ် Miles တို့ရဲ့ ရုပ်က ခွဲမရအောင်တူနေတာကို ကြွားလုံးထုတ်ခဲ့တာဖြစ်ပါတယ်။

အခုအဆိုတော် John Legend နဲ့ ဇနီးသည် Chrissy Teigen တို့ဟာ အခုသားငယ် Miles ကို ပြီးခဲ့တဲ့ မေလတုန်းက မွေးဖွားခဲ့တာဖြစ်ပြီတော့ အဲ့ဒီအချိန်ထဲက Miles ဟာ John Legend ရဲ့ Instagram ကို အပိုင်သိမ်းသွားခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ Teigen ကလည်း အခုလိုမျိုး သားလေး Miles အပေါ် အလွန်ချစ်နေရှာတဲ့ John Legend အကြောင်းကို အမြဲလိုလို ပြောနေတာပါ။

Source: people.com

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး All of Me လို လူတိုင်းရင်ထဲကို ရောက်ရှိခဲ့တဲ့ အဆိုတော် John Legend ကတော့ အခုအချိန်မှာလည်း အချစ်တွေနဲ့ ကိုယ်ပိုင်ဘဝတစ်ခုကို ပိုင်ဆိုင်နေပြီဆိုတာကတော့ အသေအချာပါပဲ။