Pop Star Justin Bieber ကိုတော့ အခုအချိန်မှာ မသိတဲ့သူရှိကြမယ်မထင်ပါဘူး။ ကနေဒါနိုင်ငံသားလေး JB ဟာ နောက်ဆုံးသိရတဲ့သတင်းတွေအရ အမေရိကန်နိုင်ငံသား အဖြစ်ခံယူတော့မယ်လို့ သိရပါတယ်။
Source: hollywoodlife.com
အခုသတင်းကို TMZ ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Justin ဟာ Dual Citizenship ကို လျှောက်ထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကနေဒါနိုင်ငံသားဖြစ်တဲ့ Justin ဟာ နောက်ထပ် အမေရိကန်နိုင်ငံသားအနေနဲ့ပါဖြစ်လာတော့မှာပါ။
အခုလိုမျိုး အမေရိကန်နိုင်ငံသား အနေနဲ့ ခံယူဖို့ကြိုးစားနေတာဟာ Justin အနေနဲ့ အခုအချိန်မှာ Hailey နဲ့ တွဲခုတ်နေပြီးနောက်ပိုင်း အမေရိကန်မှာ အနေများလာတာနဲ့ နောက်ပိုင်းမှာ အမေရိကန်မှာပါ အခြေချဖို့ စိတ်ကူးနေတာကြောင့်ဖြစ်မယ်ဆိုပြီး သတင်းတွေထွက်လာနေပြီဖြစ်ပါတယ်။
Source: hollywoodlife.com
ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Dual Citizenship လျှောက်တာက ပြုလုပ်ရတဲ့အဆင့်တွေများပြားပြီး Justin အနေနဲ့ ဒေါ်လာ ၇၀၀ ဝန်းကျင်နဲ့ များစွာသောစစ်ဆေးမှုတွေကို ခံယူရတော့မှာဖြစ်ပါတယ်။ တကယ်လို့ အောင်မြင်သွားရင်တော့ Justin Bieber ကို နိုင်ငံသားအနေနဲ့ ၂ နိုင်ငံမှာ မြင်ရတော့မှာပါ။