ကမ္ဘာတစ်ဝန်းလုံးက နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးနှစ်သက်မှုတွေကို သိမ်းပိုက်ရရှိထားတဲ့ အဆိုတော် Justin Bieber ရဲ့စတိုင်ကတော့ အံ့မခန်းလောက်အောင်ကို အစကနေ အဆုံးမိုက်နေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ စမတ်ကျမှုကို အထူးပံ့ပိုးပေးထားတဲ့ အရာကတော့ ခန္ဓာကိုယ်ပေါ်က တက်တူးဒီဇိုင်း တွေပဲဖြစ်ပါတယ်။
Source: Digital Spy
အနုပညာရှင်အများစုဟာ တက်တူးကို ၀ါသနာပါတတ်ကြပါတယ်။ ဒါပေမယ့် သေးငယ်တဲ့ တက်တူး ဒီဇိုင်းများဖြင့်သာ စတိုင်ထုတ်ကြတာ များပါတယ်။ အဆိုတော် Justin Bieber ကတော့ ခန္ဓာကိုယ် အနှံ့မှာ တက်တူးဒီဇိုင်း မျိုးစုံနဲ့ စတိုင်ကျနေခဲ့တာ ကြာပါပြီ။
Source: Popsugar
အဆိုတော် Justin Bieber ဟာ သူ့ရဲ့ ဒီဇိုင်းအမိုက်စား တက်တူးတွေအပေါ် ထားတဲ့ ခံစားချက်က တော့ အံ့မခန်းပါပဲ။ သူဟာ ခန္ဓာကိုယ်ပေါ်က တက်တူးတွေ အတွက် အမြဲဂုဏ်ယူဝင့်ကြွားနေခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ တက်တူးတွေနဲ့ ပတ်သတ်ပြီး ဘယ်တော့မှလည်း နောင်တမရဘူးလို့ အင်စတာဂရမ်မှာ ပုံစာတစ်ခုတင်ခဲ့ ဖူးပါတယ်။
Source: Fox News
တက်တူးတွေနဲ့ပတ်သတ်ပြီး နောင်တမရဘူး လို့ပြောခဲ့တဲ့ Justin Bieber တစ်ယောက်ဟာ သူ့လက် မောင်းပေါ်က တက်တူးပုံတစ်ပုံကိုတော့ ဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ ထိုပုံမှာ အချစ်ဟောင်းဖြစ်တဲ့ Selena ရဲ့ ပုံဖြစ်ပြီး တခြားတက်တူးပုံတစ်ခုနဲ့ ဖုံးအုပ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
Source: Beauty Glitch
လည်ပင်း၊လက်မောင်း၊လက်ဖျံ၊ရင်ဘတ်၊ခြေထောက် စတဲ့ Justin Bieber ခန္ဓာကိုယ် နေရာအနှံ့မှာ တက်တူးတွေဟာ အဓိပ္ပါယ်မျိုးစုံနဲ့နေရာ ယူထားကြပါတယ်။