အမေရိကန် နာမည်ကြီး Rapper တစ်ယောက်ဖြစ်တဲ့ Kanye West ကနေ အခုဘယ်သူမှမထင်ထားတဲ့ ကိစ္စတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ သူရဲ့ လက်ရှိ Social Media Account တွေဖြစ်တဲ့ Twitter နဲ့ Instagram Account တွေကို ဖျက်သွားတာဖြစ်ပါတယ်။ အဲ့ဒါကလည်း ချက်ချင်းကြီးဆိုသလိုဖြစ်သွားတဲ့အတွက် ဘယ်သူမှမထင်ထားတဲ့ ကိစ္စတစ်ခုလည်းဖြစ်သွားပြီး Media တွေမှာ ပွတ်လောရိုက်သွားခဲ့ပါတယ်။

Source: Cosmoploitan

ဒီကိစ္စအတွက်ကို Kanye West ကနေ ပြန်လည်ဖြေရှင်းထားပြီးတော့ အခုလိုမျိုး Social Media Account တွေဖျက်သွားတာက သူကိုယ်တိုင်က ဒီ Instagram နဲ့ Twitter ကို စွဲနေပြီးမဖြတ်နိုင်တာကြောင့်လို့ပြောခဲ့တာပါ။ လာမယ့် ရက်ပိုင်းမှာလည်း Album အသစ်ထွက်ဖို့ရှိနေတော့ Kanye အနေနဲ့ အာရုံစိုက်ဖို့ လိုအပ်နေတာကြောင့်ပါ။

အခုလိုမျိုး Energy က Album အသစ်အတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီးတော့ သေချာလုပ်နေကြောင်းနဲ့ Kanye West ဟာ လာမယ့် ရက်ပိုင်းမှာလည်း အာဖရိကကိုသွားရဖို့ရှိနေတယ်လို့ သိရပါတယ်။ အခုလိုမျိုး ခရီးသွားရမှာလည်းရှိနေတဲ့အတွက် အခုလိုမျိုး သေချာအာရုံစိုက်ဖို့က မဖြစ်မနေလိုအပ်နေတာဖြစ်နိုင်ပါတယ်။

Source: Cosmoploitan

တဖက်ကလည်း အခုလိုမျိုး Social Media ကို ဖြတ်သွားတာက Kanye West ရဲ့ Album အသစ် ဖြစ်တဲ့ 13th Amendment ထွက်ရှိလာဖို့က မလိုတော့ဘူးလို့တောင်ပြောလို့ရနေပါတယ်။