Kanye West ဆိုတဲ့နာမည်က Rapper တစ်ယောက်ဆိုတာထက် ပိုတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ Music Producer ၊ Record Label Executive ၊ Fashion Design နဲ့ Creative Content Company Founder တစ်ယောက်ဖြစ်တဲ့ Kanye West ဟာ အခုအချိန်မှာတော့ နောက်ထပ်လုပ်ငန်းတစ်ခုကို တည်ထောင်ဖို့ ကြံစည်နေပြီဖြစ်ပါတယ်။

Source: MSN.com

အခုတစ်ကြိမ်မှာတော့ Kanye West ဟာ Movie Maker တစ်ယောက်ဖြစ်ချင်ပုံရပြီးတော့ ကိုယ်ပိုင်ရုပ်ရှင် ကုမ္ပဏီတစ်ခုကို တည်ထောင်တော့မှာဖြစ်ပါတယ်။ လက်ရှိသိရတဲ့သတင်းတွေအရဆိုရင် Kanye ဟာ ပြီးခဲ့တဲ့ သြဂုတ်လထဲက Half Beast, LLC အမည်ရှိတဲ့ Film Production Company တစ်ခုကို ဝယ်ယူပြီဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် အခုအချိန်မှာ Kanye ကနေ ဒီစက်တင်ဘာလမှာ Half Beast ကုမ္ပဏီကို ကိုယ်ပိုင် Entertainment Service ၊ Movie ၊ Book နဲ့ အခြားအရာတွေကို ထုတ်လုပ်မယ့် Production Company တစ်ခုအဖြစ် ပြောင်းလဲတော့မှာဖြစ်တယ်လို့ ယူဆရပါတယ်။ လောလောဆယ်မှာတော့ Kanye West က အခုသတင်းကို အတည်ပြုနိုင်တဲ့ Instagram Post တစ်ခုကိုလည်း တင်ခဲ့ပါတယ်။

https://www.instagram.com/p/BnxXx-bFlmo/?utm_source=ig_web_copy_link

အခု Instagram Post မှာကတော့ Dictionary ထဲမှာ ရှိတဲ့ A စာလုံးပါတဲ့ စကားလုံးတွေရဲ့ ဓါတ်ပုံဖြစ်ပြီးတော့ ဖြစ်နိုင်တာတစ်ခုကတော့ အဆိုပါ ဓါတ်ပုံဟာ ရုပ်ရှင်ရဲ့ Concept တစ်ခုဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ အဆိုပါနေ့မတိုင်ခင်တုန်းကလည်း Kanye ကနေ “We’re creating a film called Spiritual Telephone” ဆိုတဲ့ Tweet တစ်ခုကိုပါ တင်ခဲ့သေးတာဖြစ်ပါတယ်။